သဘာဝ ဘေးဖြစ်ပေါ်လာပါက ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ကြိုတင်စီမံဆောင်ရွက်ထားကြဖို့နဲ့ လူ့အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောက်ရွက်ကြရန် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝ ဘေးဖြစ်ပေါ်လာပါက ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ကြိုတင်စီမံဆောင်ရွက်ထားကြဖို့နဲ့ လူ့အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောက်ရွက်ကြရန် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပြောကြား











MNP ၊ မေ  ၁၅

မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် စိုးတင်လတ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတပ်နယ်မှူးနှင့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များဖွဲ့ စည်းထားပြီးဖြစ်ပါကြောင်း၊ အချိန်ကာလအလျောက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေးအစီအမံများ စနစ်တကျ ပြုလုပ်ထားနိုင်ရေးနှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာသည့် အခြေအနေတွင် ကယ်ဆယ် ရေးနှင့် ထောက်ပံ့ကူညီရေး လုပ်ငန်းများကို လျင်မြန်စွာနှင့် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေး အတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်အား တားဆီး၍ မရနိုင်သလို ထိန်းချုပ်၍လည်း မရနိုင်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း အတွေ့အကြုံကောင်းများရှိသည့်အတွက် ဌာနအသီးသီးက တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ အတွေ့အကြုံများဖြင့် အကောင်းဆုံးစီမံခန့်ခွဲသွားမည်ဆိုလျင် ဆုံးရှုံးမှုအနည်းဆုံးဖြင့် အခြေအနေကောင်းတစ်ရပ်ကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ သဘာဝ ဘေးဖြစ်ပေါ်လာပါက ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ကြိုတင်စီမံဆောင်ရွက်ထားကြဖို့နဲ့ လူ့အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောက်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် တည်မြဲအမိန့်၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီများ ပေါင်းစပ်၍ စနစ်တကျ စီမံဆောင်ရွက်ကြရန် မှာကြားလိုကြောင်း  စသည်ဖြင့် အမှာစကားပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌများက သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အရေးပေါ်တုံ့ပြန်ရေး ဆောင်ရွက် ထားရှိသည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာကြသည့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များက မိမိတို့ သက်ဆိုင်ရာ လုပ်ငန်း ကော်မတီများ အလိုက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အခြားလိုအပ်သည် များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေး တင်ပြခဲ့ကြသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မောင်ညီညာ

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)