သထုံမြို့နယ်၌ (၅၇) ကြိမ်မြောက် သံယုတ္တနိကာယ် မြန်မာပြန်စာမေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၌ (၅၇) ကြိမ်မြောက် သံယုတ္တနိကာယ် မြန်မာပြန်စာမေးပွဲ ကျင်းပ






MNP ၊ မေ  ၁၅

မွန်ပြည်နယ်၊ သထုံမြိုနယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် (၅၇) ကြိမ်မြောက် သံယုတ္တနိကယ် မြန်မာပြန် စာမေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေစာရံစေတီတော်မြတ်ကြီးဝင်းအတွင်းရှိ သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်း စာဖြေဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။


သံယုတ္တနိကယ် မြန်မာပြန် စာမေးပွဲကို သထုံစာဖြေဌာန၌ နိဒါန၀ဂ္ဂ၊ ခန္ဓ၀ဂ္ဂ၊ သဠာယတန၀ဂ္ဂ၊ မဟာ၀ဂ္ဂနှင့် သဂါထာ၀ဂ္ဂ ဘာသာတို့အား သီလရှင်နှင့်လူပုဂ္ဂိုလ် စုစုပေါင်း (၂၂)ဦး ဖြေဆိုရန် စာရင်းပေးသွင်းထားသည့်အနက် (၁၉)ဦးတို့ လာရောက်ဖြေဆိုခဲ့ကြ‌ပြီး စာဖြေသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းမှ တာဝန်ရှိသူများ၊ စာမေးပွဲကြီးကြပ်အဖွဲ့များ၊ ပရဟိတဘာသာရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူတို့က ကူညီဆောင်ရွက်ပေးခဲ့ကြသည်။


သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းအနေဖြင့် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်)နှင့် ဝိသုဒ္ဓိမဂ် မြန်မာပြန် သင်တန်းများ၊ ပဋိစ္စသမုပ္ပါဒ်သင်တန်း၊ နိကာယ်မြန်မာပြန် သင်တန်းစသည့် ဗုဒ္ဓစာပေပြန့်ပွားရေးဆိုင်ရာ သင်တန်းတို့ကို စဉ်ဆက်မပြတ် ကုသိုလ်ဖြစ် ဖွင့်လှစ်သင်ကြားပေးနေပြီး စာမေးပွဲများကို လက်ခံကျင်းပပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment