အီမြို့တွင် အင်အားပြင်း မိုခါ( MOCHA Cyclonic Storm)ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် အဆောက်အဦတစ်ချို့ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီမြို့တွင် အင်အားပြင်း မိုခါ( MOCHA Cyclonic Storm)ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် အဆောက်အဦတစ်ချို့ပျက်စီး











MNP ၊ မေ  ၁၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ယမန်နေ့ မွန်းလွဲပိုင်းက အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် အဆောက်အဦတစ်ချို့ ပျက်စီးခဲ့ကြောင်းကို မအီမြို့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီက သိရသည်။


ဖော်ပြပါ မိုခါ ဆိုင်ကလုန်းမုန်တိုင်း ( MOCHA Cyclonic Storm)တိုက်ခတ်မှုကြောင့် ဂျီဖြူတောင်ကျေးရွာအုပ်စု၊ ဂျီဖြူတောင်ရွာတွင် လူနေအိမ်(၁)လုံး အမိုးအကာများပျက်စီးခြင်း၊ ဂျီဖြူတောင်ကျေးရွာအုပ်စု၊ ကင်းခြေရွာဟောင်းတွင် လူနေအိမ်(၄) လုံး အမိုးလန်ပျက်စီးခြင်း၊ ချက်ဖောက်ကျေးရွာအုပ်စုအတွင်းရှိ ချက်ဖောက်ရွာတွင် ဘုန်တော်ကြီးကျောင်း အမိုးလန်ပျက်စီးခြင်းနှင့် ခမောင်းတွင်းရွာ အခြေခံပညာကျောင်း အမိုးအကာပျက်စီးခြင်း၊ ပဒါကျေးရွာအုပ်စု၊ ပေါက်အင်းကျေးရွာတွင် လူနေအိမ် (၁၄)လုံး အမိုးအကာများပျက်စီးခြင်း၊ ကျောက်ဝေကျေးရွာအုပ်စုအတွင်းရှိ ကျောက်ဝေရွာတွင် လူနေအိမ်(၁)လုံး၊ သိမ်ကျောင်းပြင်ကျေးရွာတွင် လူနေအိမ်(၁)လုံးနှင့် အင်ဒိုင်းကြီးကျေးရွာတွင် လူနေအိမ်(၃)လုံးတို့မှာ အမိုးလန်ခြင်း အကာပျက်စီးခြင်းများရှိခဲ့ကြောင်း သိရသည်။


အဆိုပါ အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်း ( MOCHA Cyclonic Storm)တိုက်ခတ်မှုကြောင့် လူနှင့် တိရိစ္ဆာန်များ သေဆုံးမှုမရှိကြောင်းနှင့် လေဘေးသင်ပြည်သူ ကျား(၄၉)ဦး၊ မ(၃၇)ဦး စုစုပေါင်းလူဦးရေ(၈၆)ဦးနှင့် အိမ်ထောင်စု(၂၄)စု၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ အခြေခံပညာကျောင်း(၁)ကျောင်းတို့မှာ လေဘေးသင့်ခဲ့ကြပြီး အဆိုပါ လေဘေးသင့်ပြည်သူများ မိမိတို့နေရာဒေသတွင် ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် မအီမြို့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီက ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment