သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြု မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြု မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ





MNP ၊ မေ  ၂၇

သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ရာသီဉတုမျှတကောင်းမွန်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းဝင်းအတွင်း၌ ယနေ့နံနက် ၈ နာရီခန့်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြု မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသိန်းဇော်က စိုက်ပျိုးရန်ပျိုးပင်များကို ပေးအပ်ပြီး တက်ရောက်လာသူများက ကျွန်း(၂၀၀)၊ မယ်ဇလီ(၂၀၀)နှင့် စိန်ပန်းပြာ(၂၀၀)၊ စုစုပေါင်း (၆၀၀)ပင် တပျော်တပါးစုပေါင်းသစ်ပင်စိုက်ပျိုးကြကြောင်းသိရသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်နှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးမိုင်းအောင်ဖေနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဝန်ထမ်းများ၊ အဆင်မြှင့်စက်ချုပ်သင်တန်းအမှတ်(၅)တက်ရောက်နေသော သင်တန်းသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတိုင်းရင်းသာပြည်သူများ တက်ရောက်ကြကြောင်းသိရသည်။


ခွန်ရဲထွေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)