MNP ၊ မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေး၊ လမ်းဘေးဝဲယာအမှိုက်များ ကင်းရှင်းစေ ရေးနှင့် Clean City, Green City, Smart City, ဖြစ်လာစေရေးအတွက်မြို့နယ်နေပြည်သူများသုံးစွဲ ခဲ့သည့် စွန့်ပစ်အမှိုက်များအား တစ်ပိဿလျှင် (၁၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူခြင်းလုပ်ငန်းအား အပတ်စဉ် စနေနေ့တိုင်း ဝယ်ယူလျက်ရှိရာ ယနေ့ နံနက် (၈) နာရီအချိန်မှ နံနက် (၁၁) နာရီအချိန်အထိ အမှတ်(၄)ရပ်ကွက်၊ မဟာဗန္ဓုလ(၁၁)လမ်းနှင့် အောင်ဇေယျလမ်းထောင့်၌ ဆောင်ရွက်သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှု ဦးသက်နိုင်ထွေး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး မင်းလွင်ဦး၊ အတွင်းရေးမှူး ရဲမှူး မိုးစိန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်တို့မှ ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်နေပြည်သူများ သုံးစွဲသည့် စွန့်ပစ်အမှိုက်များအား တစ်ပိဿလျှင် (၁၀၀)နှုန်းဖြင့် ဝယ်ယူလျက်ရှိကာ အပတ်စဉ် စနေ့နေတိုင်းတွင် ဆက်လတ်ဝယ်ယူမည် ဖြစ်ပြီး ကုန်ကျစရိတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ထုတ်ပေးချေ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ရဲကိုမောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment