နတ်မောက်မြို့နယ်အတွင်း၌ ဒေသစားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးထားသော နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်အတွင်း၌ ဒေသစားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးထားသော နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း


MNP ၊ မေ  ၁၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျောက်တံခါးဆည်ရေသောက်နှင့် နတ်မောက်ဆည်ရေသောက်တွင် ၂၀၂၂-၂၀၂၃ နွေနှမ်းရာသီ၌ စိုက်ပျိုးထားရှိသော နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ဆီထွက်သီးနှံကို မိုးရာသီနှင့် ဆောင်းရာသီများတွင်သာ စိုက်ပျိုးလာခဲ့သော်လည်း ပြည်တွင်းစားသုံးမှုဆီဖူလုံရေးအတွက် နွေရာသီတွင် နွေနှမ်းအဖြစ် စိုက်ပျိုးလာကြကြောင်း၊ နတ်မောက်မြို့နယ်တွင်  စိုက်ပျိုးထားရှိသည့် နွေနှမ်းမျိုးမှာ ဆင်းရတနာ (၈) မျိုးများဖြစ်ပြီး မတ်လဆန်းပိုင်းမှ စတင်စိုက်ပျိုး၍ ဇွန်လ တတိယပတ်တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။


နတ်မောက်မြို့နယ်တွင် နွေနှမ်းစိုက်ဧက စုစုပေါင်း (၆၂၄)ဧကရှိပြီး  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာရှိ ဝန်ထမ်းများက ကွင်းထဲအရောက် သွား၍ တောင်သူများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မူမူစန်း

 https://t.me/MyanmarNationalPost





No comments:

Post a Comment