ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃)စုတွင် လေပြင်းတိုက်ခတ်သဖြင့် လူနေအိမ်(၃)လုံး အမိုးလန်ပျက်စီးပြီး (၁)လုံးပြိုကျပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃)စုတွင် လေပြင်းတိုက်ခတ်သဖြင့် လူနေအိမ်(၃)လုံး အမိုးလန်ပျက်စီးပြီး (၁)လုံးပြိုကျပျက်စီး



MNP ၊ မေ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃)စုတွင် ယမန်နေ့ ညနေ (၄)နာရီအချိန်က လေပြင်းတိုက်ခတ်သဖြင့် လူနေအိမ်(၃)လုံး အမိုးလန်ပျက်စီး ပြီး လူနေအိမ်(၁)လုံးမှာ ပြိုကျ ပျက်စီးကြောင်း သိရသည်။


အဆိုပါ လေပြင်းတိုက်ခတ်ခြင်းကြောင့် သောကြာဒူးကျေးရွာအုပ်စုအတွင်းရှိ အင်ကြင်းကုန်းကျေးရွာတွင် သွပ်မိုး/ထရံကာ လူနေအိမ်(၂)လုံးနှင့် ရွှေပန်တောကျေးရွာအုပ်စုအတွင်းရှိ ထန်းကုန်းကျေးရွာတွင် လူနေအိမ် (၁)လုံးတို့မှာ  အမိုးလန်ပျက်စီးပြီး၊  ဆုံလဲကျေးရွာအုပ်စုရှိ  ကျွန်းကြီးကျေးရွာတွင်  ဓနိမိုး/ထရံကာ  လူနေအိမ် (၁)လုံး ပြိုကျပျက်စီးသဖြင့် စုစုပေါင်း ဆုံးရူံးမှုတန်ဖိုး ငွေကျပ်(၄၃၀၀၀၀/-)ဖြစ်ပြီး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ (၁၉)ဦး လေဘေးသင့်ခဲ့ကြောင်း သိရသည်။


လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် အဆိုပါ လေဘေးသင့် အိမ်ထောင်စု(၄)စုမှ လေဘေးသင့်ပြည်သူများအား နီးစပ်ရာဆွေမျိုးများ၏ နေအိမ်တွင် ယာယီပြောင်းရွှေ့ နေထိုင်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များက  ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)