ဟင်္သာတမြို့နယ်တွင် အခြေခံပညာ အထက်တန်းဆင့် Grade-12 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်တွင် အခြေခံပညာ အထက်တန်းဆင့် Grade-12 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်လှစ်


MNP ၊ မေ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်း အဆင့် Grade-12 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။


​ရှေးဦးစွာ အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေက ဆင့်ပွား သင်တန်းများ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်ကြားရေးအတွက် စီမံဆောင်ရွက်ထာားရှိမှု များကို ရှင်လင်း​ပြောကြားခဲ့ပြီး ပညာရေးမှူးများကိုယ်စား ဟင်္သာတခရိုင် ပညာရေးမှူးဆရာကြီး ဦးတိုးဝင်းက သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များအား သေချာစွာသင်ယူ၍ မိမိတို့ တာဝန်ကျရာ နယ်မြေဒေသများတွင် ဆင့်ပွား ပြန်လည်ပို့ချပေးရန်၊ သင်တန်းကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းများနှင့်အညီ နေထိုင်သင်ယူရန်စသည်ဖြင့် ပြောကြားခဲ့သည်။


အခမ်းအနားသို့ ဟင်္သာတတက္ကသိုလ်ပါမက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေ၊ နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ဟင်္သာတခရိုင် ပညာရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမ စုစုပေါင်း အင်အား(၃၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)