မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဘေးဒဏ်သင့်ပြည်သူများထံသို့ အာဆီယံနိုင်ငံများမှ ပေးပို့သည့် အကူအညီပစ္စည်းများ တတိယအသုတ်အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဘေးဒဏ်သင့်ပြည်သူများထံသို့ အာဆီယံနိုင်ငံများမှ ပေးပို့သည့် အကူအညီပစ္စည်းများ တတိယအသုတ်အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ


MNP ၊ မေ ၂၆

မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံသို့ အာဆီယံနိုင်ငံများမှပေးပို့သည့်စုစုပေါင်း အမေရိကန်ဒေါ်လာ ခန့်မှန်း(၅၃၀၀၀)ကျော် တန်ဖိုးရှိအရေးပေါ် အကူအညီပစ္စည်းများ တန်ချိန်စုစုပေါင်း ၁၆ တန်ခွဲခန့်ကို သယ်ဆောင်လာသည့် မလေရှားလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ယနေ့နံနက် ၁၁နာရီ၄၅ မိနစ် ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရောက်သို့ ဆိုက်ရောက်ခဲ့သည်။


ယနေ့ တတိယအသုတ်အဖြစ် ရောက်ရှိလာသည့် အကူအညီပစ္စည်းများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီများအတွက် အာဆီယံ ညှိနှိုင်းရေးဌာန(AHA Centre)တာဝန်ရှိသူတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများကကြည့်ရှုစစ်ဆေးကြပြီးမုန်တိုင်းဒဏ်သင့်ဒေသများရှိပြည်သူများထံသို့ဆက်လက်ပို့ဆောင်နိုင်ရေးလွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။တတိယအသုတ်အဖြစ်ယနေ့ရောက်ရှိလာသည့်ထောကိပံ့ကူညီရေးပစ္စည်းများမှာ AHA တံဆိပ်ပါ မိသားစု ငါးဦးအသုံးပြုနိုငိသညိ့မီးဖိုချောင်သုံးပစ္စည်း ၅၂ထုပ်၊ Shelter Tool kit ၂၁၀ထုပ် ၊ တာပေါ်လင်စ ၂၈၀ထုပ် ပါဝင်ပြီးစုစုပေါင်း ၅၄၂ထုပ် ကုန်တန်ချိန် ၁၆တန်ခွဲခန့်ဖြစ်ကြောင်းသိရသည်။


အာဆီယံနိုင်ငံများမှ မုန်တိုင်းဒဏ်သင့်ပြည်သူများထံ ပေးအပ်လှူဒါန်း ထောက်ပံ့ခြင်းဖြစ်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် ကယ်ဆယ်ရေးနှင့် အကူအညီများ ပံ့ပိုးရာတွင် လေဘေးသင့်ပြည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရှိစေရေးမူကိုလက်ကိုင်ထား၍ သဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဝန်ကြီးဌာနအသီးသီးနှင့် အချိန်နှင့် တပြေးညီ ပူးပေါင်းဆောင်ရွက်လက်ရှိပြီး AHA Centre သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း များနှင့်လည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment