တရုတ်နိုင်ငံ ဒုတိယသမ္မတနှင့် အီသီယိုးပီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်နိုင်ငံ ဒုတိယသမ္မတနှင့် အီသီယိုးပီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့တွေ့ဆုံ

 


ပေကျင်း၊ မေ ၂၆ 

တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့် နှင့် အီသီယိုးပီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Demeke Mekonnen Hassen တို့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် မေ ၂၆ ရက်၌ တွေ့ဆုံခဲ့သည်။ 

တရုတ်နိုင်ငံ နှင့် အီသီယိုးပီးယားနိုင်ငံတို့သည် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပြီး အဓိက အကျိုးစီးပွားများကို ကာကွယ်ရာတွင် တရုတ်နိုင်ငံကို ပြတ်ပြတ်သားသား ထောက်ခံသည့်အတွက် အီသီယိုးပီးယားကို ကျေးဇူးတင်ကြောင်း ဟန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းမှုပေါင်းစည်းခြင်းနှင့် စီးပွားရေးမှာ ပြန်လည်ဦးမော့အကောင်အထည်ဖော်ခြင်းအတွက် အီသီယိုးပီးယားကို အခိုင်အမာ ထောက်ခံကြောင်း၊ အရည်အသွေးမြင့်မားသော ရပ်ဝန်းနှင့် ပိုးလမ်းမ ကို ပူးတွဲတည်ဆောက်ရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်ရန်နှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုမြှင့်တင်ရာတွင်  တရုတ်နိုင်ငံအနေဖြင့် အီသီယိုးပီးယားနိုင်ငံနှင့်  လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ဟန်က ပြောကြားခဲ့သည်။ 

အီသီယိုးပီးယားနိုင်ငံအတွက် ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ခြင်းနှင့် စိန်ခေါ်မှုများကို တုံ့ပြန်ခြင်းတွင် တရုတ်နိုင်ငံ၏ ခိုင်မာသော ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ အီသီယိုးပီးယားသည် တရုတ်နိုင်ငံ၏ အရေးကြီးသော အဆိုပြုချက်များကို အကောင်အထည်ဖော်ရာတွင် တက်ကြွစွာ ပါဝင်လိုကြောင်း Demeke က ပြောကြားခဲ့သည်။

အီသီယိုးပီးယား အနေဖြင့် ၎င်း၏ လွတ်လပ်သော ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် တရုတ်နိုင်ငံအား အရေးကြီးသော မိတ်ဖက်အဖြစ် မှတ်ယူကြောင်း၊ စစ်ပွဲများအလွန် ပြန်လည်တည်ဆောက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် နယ်ပယ်များတွင် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများကို ဆက်လက်ရရှိမည်ဟု မျှော်လင့်ကြောင်းနှင့် အီသီယိုးပီးယားတွင် ရင်းနှီးမြှုပ်နှံမည့် တရုတ်ကုမ္ပဏီများကို ကြိုဆိုကြောင်း Demeke က ပြောကြားခဲ့သည်။


Ref - (ဆင်ဟွာ)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)