ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ဟင်္သာတမြို့၌ ဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်ရေး လူငယ်ခေါင်းဆောင်မှု သင်တန်းဆင်းပွဲနှင့် ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံမှုများ ကြည့်ရှု့အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ဟင်္သာတမြို့၌ ဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်ရေး လူငယ်ခေါင်းဆောင်မှု သင်တန်းဆင်းပွဲနှင့် ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံမှုများ ကြည့်ရှု့အားပေး

 




 MNP ၊ မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်ရေးလူငယ်ခေါင်းဆောင်မှုသင်တန်းဆင်း ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးနေမျိုးထွန်းမှ သင်တန်းဆင်းအစီရင်ခံစာအား ဖတ်ကြားရှင်းလင်း တင်ပြခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းတို့မှ သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား/ သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့တို့သည် ဟင်္သာတမြို့နယ်၊ အ.ထ.က(၅) အခြေခံပညာ အထက်တန်းကျောင်းတွင် အခြေခံပညာကျောင်းသား/သူများ ကျောင်းအပ်နှံခြင်း ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ခရိုင်နှင့်မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများအား ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းတက်ရမည့် အသက်အရွယ်တွင် ကျောင်းတက်ကြစေရေး၊ ကျောင်းအပ်နှံကလေးအရေအတွက် တိုးတက်စေရေး၊ စာရေးကိရိယာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်နိုင်ရေးနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)