နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးနှင့်တာဝန်ရှိသူများ လယ်ဝေးမြို့နယ် လေဘေးသင့်ကျေးရွာများ ပြန်လည်ထူထောင်ရေး ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးနှင့်တာဝန်ရှိသူများ လယ်ဝေးမြို့နယ် လေဘေးသင့်ကျေးရွာများ ပြန်လည်ထူထောင်ရေး ကွင်းဆင်းကြည့်ရှု




MNP ၊ မေ  ၂၇

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးသည် နေပြည်တော်ကောင်စီ၊ ညွှန်ကြားရေးမှူးဦးသူအောင်၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လေဘေးသင့်ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုသည်။


နေပြည်​တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာများသို့ရောက်ရှိပြီး ကျေးရွာပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ထို့နောက် ဌာနဆိုင်ရာများနှင့်ရပ်မိရပ်ဖများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဝေကြည်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)