MNP ၊ မေ ၂၇
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁)၊အခြေခံပညာအထက်တန်း ကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ အခမ်းအနားကို အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ များက မြန်မာ့ကျောင်းသီချင်းဖွင့်သီဆိုဖွင့်လှစ်ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်ခရိုင်ပညာရေးမှူး ဒေါ်တင်တင်ဦးတို့ အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင် က ကျောင်းအပ်နှံရေးနေ့အခမ်းအနားပြုလုပ် ရသည့်ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊အဖွဲ့ဝင် (၃) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးရည်သန့် ၊ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့် တာဝန်ရှိ သူများက ဆင်းရဲနွမ်းပါးကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာဆိုင်ရာများ ၊ ဆရာ ၊ဆရာမများ ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment