ပူတာအိုခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့် Grade-9 သင်ရိုးသစ် (ခရိုင်အဆင့်) ဆင့်ပွားသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအိုခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့် Grade-9 သင်ရိုးသစ် (ခရိုင်အဆင့်) ဆင့်ပွားသင်တန်းဖွင့်လှစ်


MNP ၊ မေ  ၁၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် Grade-9 စနစ်သစ် ဘာသာရပ်ဆိုင်ရာ သင်ခန်းစာအကြောင်းအရာများ၏ Basic Concept များကို ပိုမိုသိရှိနားလည်အသုံးပြုနိုင်ရန်နှင့် Grade-9 သင်ရိုးသစ် ကျောင်းသုံးပြဌာန်းစာအုပ်နှင့် ဆရာလမ်းညွှန် စာအုပ် အသစ်ဖွဲ့စည်းပုံနှင့် အသုံးပြုပုံများကို နားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့် Grade-9 သင်ရိုးသစ်(ခရိုင်အဆင့်) ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးက အခြေခံပညာသင်ရိုးသစ်ကို ၂၀၁၆-၂၀၁၇ ပညာသင် နှစ်မှ စတင်ကာ (KG+12)သင်ရိုးသစ်ကို နှစ်စဉ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုပညာသင်နှစ်သည်(Grade-9)နှင့် (Grade-12)အတန်းများကို သင်ရိုးသစ်ဖြင့် သင်ကြားပို့ချမည်ဖြစ်သဖြင့် အတန်းစဉ်အားလုံး သင်ရိုးသစ်ဖြင့် ပြည့်ဝစွာ အကောင်အထည်ဖော် ပြီးမြောက်ပြီးဖြစ်ပါကြောင်း၊ ပညာရေးပြု ပြင်ပြောင်းလဲရာတွင် ယခင်ကလို အလွတ် ကျက်မှတ် ဖြေဆိုမည့်စနစ်မှ စဉ်းစားတွေးခေါ်မှုပါသည့် ပညာရေးစနစ်ဆီကို ပြုပြင်ပြောင်းလဲရမှာဖြစ်ပါကြောင်း၊ ဆရာ/မ များအနေဖြင့် ကျောင်းသား/သူများ၏ ပညာရည် မြင့်မားတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်စေ လိုကြောင်း အမှာစကားပြောကြားသည်။


ဆက်လက်၍ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြော ကြားပြီး သင်တန်းကြီးကြပ်ရေးမှူး ဆရာဦးငွါးခီရဲ့က သင်တန်းကာလအတွင်း လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။


အဆိုပါ သင်တန်းသို့ ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်မြို့နယ်များမှ အခြေခံပညာအလယ်တန်းအဆင့်သင် အလယ်တန်းပြ၊ ဒု-လယ်ပြ၊ လက်ထောက်လယ်ပြ ဆရာ/မ စုစုပေါင်း(၁၉၇)ဦး တို့အား သင်တန်းနည်းပြ(၂၃)ဦးတို့က မေလ (၁၇)ရက်မှ (၂၄)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရ သည်။


ဖုန်ကန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)