ရွှေတောင်မြို့နယ်တွင် စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း၏ သင်ယူမှုဆိုင်ရာအခွင့်အလမ်းများအားအသိပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း၏ သင်ယူမှုဆိုင်ရာအခွင့်အလမ်းများအားအသိပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပ






MNP ၊ မေ  ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထကရွှေတောင် ရတနာခန်းမတွင် ယနေ့ နံနက်ပိုင်းက စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း၏ သင်ယူမှုဆိုင်ရာအခွင့်အလမ်းများအားအသိပညာပေး ဆွေးနွေးဟောပြောပွဲကိုကျင်းပခဲ့သည်။


       အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်စိုးက 

အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်ဦးက ထပ်ဆင့် အမှာစကားပြောကြားခဲ့သည်။ 


ဆက်လက်၍ ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာအေးချမ်းဝင်း က မွေးမြူရေးသင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြမြသွင်က စိုက်ပျိုးရေးဆိုင်ရာအချက်အလက်ကိစ္စရပ်များကိုအသီးသီးပြောကြားပြီး အဆိုပါ သင်တန်းကျောင်းများမှခေတ်မီဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုး၊မွေးမြူရေးပညာရပ်များတစ်နိုင်ငံလုံးသို့ ပြန့်ပွားစေပြီးနိုင်ငံတော်၏ စီးပွားရေးကိုအထောက်အကူပြုနိုင်စေရန်၊ အဆင့်မြင့်ပညာ ဆက်လက်မသင်ကြားနိုင်သောကျောင်းသား  /ကျောင်းသူများအတွက်အသက်မွေးဝမ်းကျောင်းပညာအဖြစ် လမ်းသွယ်များ ဖွင့်လှစ်သင်ကြားပေးရန်၊ အစိုးရနှင့် ပုဂ္ဂလိက စိုက်ပျိုး၊မွေးမြူရေးဆိုင်ရာလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စိုက်ပျိုး - မွေးမြူရေးကျွမ်းကျင် လုပ်သားများ (Skilled Workers) ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။


         စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်း ကျောင်း၏ သင်ယူမှုဆိုင်ရာအခွင့်အလမ်းများအားအသိပညာပေး ဆွေးနွေးဟောပြောပွဲ အခမ်းအနားသို့ ဆရာ၊ဆရာမများ၊မိဘများနှင့် ကျောင်းသား၊ကျောင်းသူများ (၁၅၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost
















No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)