နယ်စပ်ရေးရာ ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် စစ်တွေမြို့နယ်အတွင်းရှိ IDP စခန်းများမှ မုန်တိုင်းဒဏ်‌သင့်ဘင်္ဂါလီများနှင့်တွေ့ဆုံ ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယ်စပ်ရေးရာ ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် စစ်တွေမြို့နယ်အတွင်းရှိ IDP စခန်းများမှ မုန်တိုင်းဒဏ်‌သင့်ဘင်္ဂါလီများနှင့်တွေ့ဆုံ ထောက်ပံ့ပစ္စည်းများပေးအပ်




MNP ၊ မေ  ၁၈

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့နယ်၊ သက္ကယ်ပြင် ကျေးရွာသို့သွားရောက်ပြီး သက္ကယ်ပြင်တိုက်နယ် ဆေးရုံ၌ IDP စခန်းများမှ မုန်တိုင်းသင့် ဘင်္ဂါလီလူမျိုး စခန်းတာဝန်ခံများနှင့်တွေ့ဆုံပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ကြသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မုန်တိုင်းဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ်ရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးကိစ္စများ၊ ပြန်လည်ထူထောင်ရေးကိစ္စများကို အမြန်ဆုံးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မုန်တိုင်းဒဏ်ခံခဲ့ရသော IDP စခန်းများတွင် နေထိုင်သူများအတွက်လည်း တစ်ပြေးညီကူညီ‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုထောက်ပံ့ပေးအပ်သည့် ဆန်နှင့်အသုံးဆောင်ပစ္စည်း များသည် လတ်တလောစားဝတ်နေရေး အဆင်ပြေစေရန်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း လိုအပ် ချက်များကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။


ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ထိခိုက်ဆုံးရှုံးမှုများ များစွာရှိနေပါကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပံ့ပေးမှုများ၊ အလှူရှင်များ၏ လှူဒါန်းမှု များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ IDP စခန်းများတွင် နေထိုင်ကြသူများအတွက်လည်း ထောက်ပံ့မှုများကို ဆောင်ရွက်ပေးနေသကဲ့သို့ ဆက်လက်၍ လည်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ပြည်နယ်အစိုးရအဖွဲ့နှင့်အတူပူးပေါင်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလို ကြောင်းပြောကြား သည်။


IDP စခန်းများတွင်နေထိုင်ကြသူများအား မိုခါမုန်တိုင်းနှင့်ပတ်သက်၍ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တပ်မတော်မှတာဝန်ရှိသူများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စခန်းတာဝန်ခံများ၊ လူမှုရေးအဖွဲ့များမှ သတိပေးခြင်း၊ ပြောင်းရွှေ့ပေးခြင်း တို့ကို ကူညီဆောင်ရွက်ပေးခဲ့မှုများအား စခန်းတာဝန်ခံ များနှင့် IDP စခန်းများတွင်နေထိုင် သူများက ယခုကဲ့သို့ပြောကြားခဲ့ကြပါသည်။


ထို့နောက် စခန်းတာဝန်ခံများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး စစ်တွေမြို့နယ်အတွင်းရှိ IDP စခန်း ၁၂ ခုတွင် နေထိုင်ကြသည့် မုန်တိုင်းဒဏ်သင့်  ဘင်္ဂါလီလူမျိုးများအတွက် ဆန် ၁၂၀၀ အိတ်၊ ဆီပိဿာ ၁၅၀၀၊ ပဲ ၂၂၀၀ ပိဿာနှင့် တာပေါ်လင်စ ၃၆ လိပ်တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။


တင်ထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment