ပြင်ဦးလွင်ခရိုင်တွင် Grade- 9 သင်ရိုးသစ် ဆင့်ပွားသင်တန်း စတင်ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်ခရိုင်တွင် Grade- 9 သင်ရိုးသစ် ဆင့်ပွားသင်တန်း စတင်ဖွင့်လှစ်သင်ကြား


MNP ၊ မေ  ၁၈

မန္တလေးဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် အမှတ်(၁) အ‌ခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးဝန်ကြီးဌာန၊ အ‌ခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ Grade-9 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို  ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ ပြင်ဦးလွင်ခရိုင် ပညာရေးမှူး ဒေါက်တာရွှေစင်အိ က  Grade-9 သင်ရိုးသစ်ဘာသာရပ်ဆိုင်ရာများ၊ သင်ရိုးသစ်ကျောင်းသုံးပြဌာန်းစာအုပ်နှင့် ဆရာကိုင်လမ်းညွှန်စာအုပ် အသုံးပြုပုံများကို နားလည်သဘောပေါက်စေရန် ရည်ရွယ်၍  Grade- 9  သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့်  ခရိုင်အတွင်းရှိ အလယ်တန်းအဆင့် ဆရာ/ဆရာများကို သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ   အလယ်တန်းအဆင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။  


Grade-9 သင်ရိုးသစ် ဆင့်ပွါးသင်တန်းအား ပြင်ဦးလွင်မြို့  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့်   အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း တို့တွင် သင်တန်းနည်းပြ(၄၂) ဦးတို့က ဆရာ/ဆရာမစုစုပေါင်း(၅၆၇)ဦးတို့အား မေလ ၁၇ ရက်နေ့မှ မေလ ၂၄ ရက်နေ့အထိ    သင်တန်းဖွင့်လှစ်ပို့ချပေးသွား မည်ဖြစ်ကြောင်း ခရိုင်ပညာ‌ရေးမှူးရုံးမှ သိရသည်။


ဖြူလူသစ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)