စောင့်ကြည့်ရမည့် ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward Party ခေါင်းဆောင် Pita Limjaroenrat - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စောင့်ကြည့်ရမည့် ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward Party ခေါင်းဆောင် Pita Limjaroenrat



Burma Act ကို အကောင်အထည် ဖော်လာမှုဟာ  မြန်မာ ထိုင်းနယ်စပ် အရေးသည် နှစ်နိုင်ငံစလုံးအတွက် နယ်စပ်ရေးရာ အခက်အခဲများနှင့် ဒုက္ခသည်အရေး ပိုမို တိုးမြှင့်လာဖွယ်ရာ ရှိပြီး ဘူးလေးရာ ဖရုံဆင့် စေလာနိုင်ပါတယ်။ ထိုင်းရွေးကောက်ပွဲက စကာတင် ဝန်ကြီးချုပ်‌နေရာကို ဘယ်ပါတီက ရယူနိုင်မှာပါလဲ။ အနိုင်ရပါတီနှင့် အာဏာရပါတီ ထပ်တူ ကျ မကျ ဆိုတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။


ထိုင်းနိုင်ငံရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ Move Forward Party ခေါင်းဆောင် Pita Limjaroenrat ပီတ လင်မ် ဂျရိုရတ် က မြန်မာနိုင်ငံအရေးကို အပြည်ပြည်ဆိုင်ရာနဲ့ ဝိုင်းဝန်းဆောင်ရွက်သွားမှာဖြစ်သလို အမေရိကန်နဲ့လက်တွဲပြီး အမေရိကန်ကထုတ်ပြန်တဲ့ Burma Act ကို အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။


ဒီစကားနှင့် စပ်လျဉ်းပြီး ဝေဖန် ထောက်ပြမှုတွေ ရှိသလို ဆန်းစစ်ဝေဖန်မှုတွေ ရှိလာပါတယ်။အမေရိကန်၏ ဒေသတွင်း wants တွေ တရုတ်ကို containment လုပ်လိုတာကို ချက်ခြင်းထုတ်ဖော် ပြောဆိုလိုက်တာပါ။


လေ့လာ ဆန်းစစ်ကြည့်မယ်ဆိုရင် ပထမ အချက်အနေဖြင့် ဆန်းစစ်ရမှာ က Popular Vote အများဆုံး ရရှိခဲ့သော Move Forward Party က အစိုးရကို ဦးဆောင် ဖွဲ့စည်း နိုင်မှာပါလား။ ထိုင်းနိုင်ငံ၏ ပါလီမန် ဖွဲ့စည်းပုံနှင့် ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲစနစ် က ဘာတွေ ပြဌာန်းထားပြီး စိန်ခေါ်မှု က ဘယ်အချက်တွေ ရှိနေပါသလဲ။ 


ပထမ စိန် ခေါ်ချက်က ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံရန် လွှတ်တော်တွင်း စုစုပေါင်း အမတ် ၇၅၀ မှာ အမတ်နေရာ( ၃၇၆) ရရန် လိုအပ်ပါတယ်။ အမတ်နေရာ အများဆုံး ရရှိခဲ့တဲ့ MFP နှင့် PTP (၂) ပါတီ ပူး‌ပေါင်းမယ်ဆိုရင်‌တောင် အမတ်နေရာ ၂၉၂ နေရာသာ ရှိပါတယ်။ အစိုးရဖွဲ့ဖို့ လွှတ်တော်‌နေရာ ၃၇၆ ထိုင်ခုံ ပြည့်မှီရမှာ ဖြစ်ပါတယ်။အကယ်၍ PTP က MFP နှင့် မပူးပေါင်းရင် အကြီးဆုံး အတိုက်အခံ ဖြစ်လာပါမယ်။ 


နောက်ထပ် စိန်ခေါ်မှုတစ်ခုက ထိုင်းဝန်ကြီးချုပ်နေရာအတွက် ရေပန်းစားနေတဲ့ ထိုင်းအတိုက်အခံပါတီခေါင်းဆောင်ကိုသာမက ပါတီတစ်ခုလုံး၏ တရားဝင် ဆက်လက် ရပ်တည်ရေးကိုပါ စိန်ခေါ်နေတဲ့ အချက် ဖြစ်တယ်။ ထိုင်းနိုင်ငံ လွှတ်တော်ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်ဟာ မီဒီယာလုပ်ငန်းတွေနဲ့ မပတ်သက်ရ၊ အစုရှယ်ယာပါဝင်ခြင်းမပြုရလို့ ကန့်သတ်ထားပြီး (MFP) ခေါင်းဆောင် Pita Limjaroenrat ပီတ လင်မ် ဂျရိုရတ် ဟာရွေးကောက် ပွဲဥပဒေဥပဒေနဲ့ မညီညွတ်တဲ့ iTV မီဒီယာကုမ္ပဏီမှာ အစု ရှယ်ယာပါဝင်မှုရှိနေတာကို မီဒီယာကုမ္ပဏီတခုမှာ အစုရှယ်ယာပါဝင်မှုနဲ့ ပြန်လည်စိစစ်ဖို့ တိုင်ကြားခံနေရပါတယ်။ အကယ်၍ အဆိုပါဥပဒေကို ချိုးဖောက်ကြောင်း စစ်ဆေးပေါ်ပေါက် အရေးယူခံရပါကသူ၏ ပါတီလက်အောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ အနိုင်ရအမတ်တွေလည်း ပယ်ဖျက်ခံရနိုင်ပါတယ်။ ဒီ ဖြစ်ရပ်မျိုးကို ရှေ့တွင် ထိုင်းရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်း မပြည့်မှီမှု နှင့် အရေးယူခဲ့သော စီရင်ထုံးရှိခဲ့ပါတယ်။


ယခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ ဒုတိယ အမတ်နေရာ အများဆုံးအနိုင်ရခဲ့တဲ့ ရှပ်နီ ( ဖွေ့ထိုင်း )ပါတီခေါင်းဆောင် ဖဲထောင်းထန်း ခေါ် အုန်အင်ဟာလည်း သူ့အစုရှယ်ယာသန်းပေါင်း ၁၂၀၆ ထောင်ပါဝင်ထားတဲ့ SC Asset အိမ်ခြံမြေဖွံ့ဖြိုးရေးကုမ္ပဏီဟာ မီဒီယာလုပ်ငန်းနဲ့ ပတ်သက်မှုရှိကြောင်း ပြန်လည်စိစစ်ဖို့ ဆီဆုဝမ်း ကျန်းယားဆိုသူက ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားစာပို့ထားတာ ခံနေရပါတယ်လို့ သတင်းများအရ သိရပါတယ်။


ဒီတော့ နောက်ဆုံး မှာ စကာတင် ဝန် ကြီးချုပ်‌နေရာကို ဘယ်ပါတီက ရယူနိုင်မှာပါလဲ ။အနိုင်ရပါတီနှင့် အာဏာရပါတီ ထပ်တူ ကျ မကျ ဆိုတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ Pita Limjaroenrat ပီတ လင်မ် ဂျရိုရတ် က မြန်မာနိုင်ငံအရေးကို အပြည်ပြည်ဆိုင်ရာနဲ့ ဝိုင်းဝန်းဆောင်ရွက်သွားမှာဖြစ်သလို အမေရိကန်နဲ့လက်တွဲပြီး အမေရိကန်ကထုတ်ပြန်တဲ့ Burma Act ကို အကောင်အထည်ဖော်သွားမယ်လို့ ဆိုသော စကားကို ထုတ်‌‌ပြော လိုက်တာရယ်၊ အပေါ်က ‌ပြောခဲ့သော iTV မီဒီယာကုမ္ပဏီမှာ အစု ရှယ်ယာပါဝင်မှုရှိနေတာရယ် ထိုင်းတော်ဝင် အမျိုးအနွယ်များ ဆိုင်ရာ ၎င်း ပါတီ၏ မူလ သဘောထား၊ demilitarize, demonopolize and decentralize ဆိုသည့် D (၃) လုံး တို့သည် အဆိုပါ ပါတီအပေါ် အမေရိကန်တို့၏ သြဇာလွှမ်းမိုးမှုနှင့် ၎င်းပါတီ၏ မိမိတိုင်းပြည် အမျိုးသား အကျိုးစီးပွား ရည်မှန်းချက်များနှင့် နိုင်ငံတွင်းရှိ စည်းလုံးညီညွှတ်ရေးတို့ပေါ် နက်ရှိုင်းစွာ မေးခွန်းထုတ်ခံရမယ့် အနေအထားပါ။


အဆိုပါ အချက်များကို ဆန်းစစ်ပါက -

အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေ National Defence Authorization Act (NDAA)၏ Burma Act ရည်ရွယ်ချက်တွင် အမေရိကန်၏ မဟာဗျူဟာ ပြိုင်ဖက် ရုရှား နှင့် တရုတ်နိုင်ငံတို့ကို ထိန်းချုပ်ရန် အဓိက ဦးတည်ပါတယ်။ ဆိုတော့ ဒါကို ထိုင်းနိုင်ငံရေးပါတီတစ်ခုက အကောင်အထည်ဖော်မည် ဆိုသော စကားသည် အဆိုပါ ပါတီသည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာအမေရိကန် မူဝါဒ၊ အာရှဒေသတွင်း အမေရိကန်တို့၏ တရုတ်ထိန်းချုပ်ရေး မူဝါဒ၊ တရုတ်ထိန်းချုပ်ရေး အတွက် မည်သို့ သက်ဆိုင် နေပါသလဲ ဆိုသော မေးခွန်းတစ်ခု ထပ်ထွက်လာပါတယ်။


တိုက်ဆိုင်တာက မြန်မာ ထိုင်း နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၏ ညီလာခံပြီးသည့်နောက် ထုတ် ပြန်ချက် နှင့် မရှေးမနောင်း ထိုင်းရွေးကောက်ပွဲတွင် အမတ်အများဆုံး အနိုင်ရထားသော နိုင်ငံရေးပါတီ၏ ပထမဆုံးသော စကားတို့သည် ချိတ်ဆက် မိနေတာကို တွေ့ရပါတယ်။ 


အကယ်၍ MFP ခေါင်းဆောင် ဝန်ကြီးချုပ် ဖြစ်လာပါက မြန်မာရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တစ်ဖက်အုပ်စု၏ လက်နက်ကိုင်အဖွဲ့များသို့ အမေရိကန်၏ Burma Act အရ ငွေ‌ကြေး အပါအဝင် တိကျသောခေါင်းစဉ်မဟုတ်သည့် technical support and assistance /non lethal weapon တွေကို ထောက်ပံ့မှု ပြုရန် Burma Act ကို အကောင်အထည် ဖော်လာမည် ဆိုပါက မြန်မာ ထိုင်း နယ်စပ် အရေးသည် နှစ်နိုင်ငံစလုံး အတွက် နယ်စပ်ရေးရာ အခက်အခဲများနှင့် ဒုက္ခသည်အရေး ပိုမို တိုးမြှင့်လာဖွယ်ရာ ရှိပြီး ဘူးလေးရာ ဖရုံဆင့် ဖြစ်လာနိုင်ပါတယ်။


အဆိုပါ အချက်ကို ထိုင်း ရွေးကောက်ပွဲတွင် အနိုင်ရထားသော ထိုင်းနိုင်ငံဦးဆောင် ပါတီများ အနေ ဖြင့် ထည့်သွင်း စဉ်းစား သုံးသပ်မှုတွေပြုကာ ပေါင်းစပ်လုပ်ဆောင်မည်ဟု ယူဆပါတယ်။ ဒါသည် ရှေ့ဆက်ရမည့် ထိုင်း ဒီမိုကရေစီ ခရီးအတွက်လည်း အရေးကြီးချိန်ခါ အချိုးအကွေ့ဟု ယူဆပါတယ်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)