ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းကျေးရွာသည် ဘေးပတ်လည် အရပ်ရှစ်မျက်နှာတွင် PDF အကြမ်းဖက်သမားများ ဝိုင်းရံနေပြီး ဆန်၊ ဆီ ရိက္ခာပြတ်လပ်၍ ဆန်ပြုတ်သောက်နေကြရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းကျေးရွာသည် ဘေးပတ်လည် အရပ်ရှစ်မျက်နှာတွင် PDF အကြမ်းဖက်သမားများ ဝိုင်းရံနေပြီး ဆန်၊ ဆီ ရိက္ခာပြတ်လပ်၍ ဆန်ပြုတ်သောက်နေကြရ



MNP ၊ မေ ၁၆

ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းကျေးရွာမှာ ဘေးပတ်တွင် PDF အကြမ်းဖက်သမားများကြီးစိုးသည့် ကျေးရွာများ ဝိုင်းရံနေပြီး ဈေးဝယ်ထွက်မရ ဆန်၊ ဆီ စားနပ်ရိက္ခာ ပြတ်လပ်နေသည်မှာ လနှင့်ချီ၍ ကြာမြင့်ပြီဖြစ်သဖြင့် ရွာသားများ ဆန်ပြုတ်သောက်နေရကြောင်း ဒေသခံများက ထပ်မံ၍ ဆက်သွယ်ပြောဆိုလာသည်။

ပေါက်မြို့နယ် အရှေ့တောင်ပိုင်း ဒီးဒုတ်ကွင်းရွာ၏ အရှေ့ဘက်တွင်ရှိသော PDF ရွာများမှာ ထန်းမကောက်ကျေးရွာ၊ အရှေ့တောင်ဘက် ကျအိုးကျေးရွာ၊ တောင်ဘက် ရန်ကင်းကျေးရွာ၊ အနောက်တောင်ဘက် ချက်ကန်ကျေးရွာ၊ အနောက်ဘက် ဝန်လဲကျေးရွာ၊ အနောက်မြောက်ဘက် ခင်ရှည်ကျေးရွာ၊ တည်ပင်ကန်ကျေးရွာ၊ မြောက်ဘက် ပေခုနှစ်ပင်ကျေးရွာများမှာ PDF အကြမ်းဖက်သမားများ အခြေချနေခြင်းကြောင့် ဒီးဒုတ်ကွင်း ရွာသူ/ရွာသားများမှာ ရွာမှ ထွက်သည်နှင့် မိုင်းဆွဲခံရ၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုများကြောင့် ဈေးဝယ်ထွက်ခွင့်မရဘဲ စားနပ်ရိက္ခာ ပြတ်လပ်ပြီး ဆန်ပြုတ်သောက်နေရသည်မှာ လနှင့်ချီ၍ ကြာမြင့်နေပြီဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် ကျေးရွာသို့ ဆန်၊ ဆီ၊ ပဲ၊ ဆား အစရှိသော စားနပ်ရိက္ခာများ ပို့ဆောင်ပေးနိုင်ရန် အကူအညီ တောင်းခံနေကြခြင်း ဖြစ်သည်။

ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းကျေးရွာမှ ရွာသူ/ရွာသားများ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ပတ်သက်၍ "PDF အကြမ်းဖက်သမားများမှာ ဒီးဒုတ်ကွင်းကျေးရွာ ပြည်သူ့စစ်များ သွားလာသော လမ်းများ၊ ယာထဲစိုက်ခင်းများ၊ ရွာအနီးအနားရှိ စိုက်ခင်းများ၊ လူသူသွားလာများသော နေရာများတွင် နင်းမိုင်း၊ တိုက်မိုင်၊ Remove မိုင်း စသည့်မိုင်းများ ထောင်ထားခြင်းကြောင့် ရွာအပြင်ဘက်သို့ ထွက်မရ ဖြစ်နေကြောင်း၊ ထိုမိုင်းများကို လိုက်လံရှင်းလင်းရန်အတွက် လက်နက် ကိရိယာနည်းပါးခြင်း၊ ရွာ၏ အရပ်ရှစ်မျက်နှာတွင် PDF အကြမ်းဖက်သမားများ ထပ်ကြပ်မကွာ ရှိနေခြင်းကြောင့် မိုင်းရှင်းရန် အခက်အခဲရှိနေကြောင်း၊ ဘယ်ကိုမှ ထွက်လို့မရခြင်းကြောင့် ဆန်၊ ဆား၊ ငါးပိ စားနပ်ရိက္ခာပြတ်လပ်နေကြောင်း၊ စားနပ်ရိက္ခာသယ်ယူသော လမ်းကြောင်းတွင် PDF အကြမ်းဖက်သမားများ ထောင်ထားသော မိုင်းများ ရှိနေခြင်းကြောင့် စားနပ်ရိက္ခာသယ်ယူ၍ မရ ဖြစ်နေကြောင်း၊ ယခုဆိုလျှင် ဒီးဒုတ်ကွင်းကျေးရွာမှ လာရောက်ဝယ်ယူသော ကုန်ပစ္စည်းများအား ရောင်းချပေးသော ကုန်သည်(ဈေးသည်)များကို PDF အကြမ်းဖက်သမားများက သတ်မည်ဟု ခြိမ်းခြောက်ထားသောကြောင့် ဈေးမရောင်းရဲသဖြင့် စားသောက်ကုန် ဝယ်ယူရန် အခက်တွေ့နေခြင်းဖြစ်ကြောင်း၊ စားသောက်ကုန်သယ်ယူသော လမ်းကြောင်းမှာ ခရီးဝေးလွန်းခြင်းကြောင့် တပ်မတော်အနေဖြင့် ကူညီဆောင်ရွက်ပေးစေလိုကြောင်း မြန်မာနေရှင်နယ်ပို့စ်သို့ ရေးသားပေးပို့ ဆက်သွယ်လာခြင်းဖြစ်သည်။

အရပ်ရှစ်မျက်နှာတွင် PDF အကြမ်းဖက်သမားများ အခြေချနေကြပြီး ဒီးဒုတ်ကွင်းကျေးရွာရှိ ပြည်သူ့စစ်များမှာလည်း လှုပ်ရှားသွားလာရန် ခက်ခဲနေခြင်းကြောင့် တာဝန်ရှိသူများ၏ ကူညီဆောင်ရွက်ပေးမှုကို မျှော်လင့် တောင်းဆိုနေကြခြင်း ဖြစ်သည်။


(မှတ်ချက် - မြန်မာနေရှင်နယ်ပို့မှ ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းကျေးရွာမှ ရွာသူရွာသားများ စားနပ်ရိက္ခာပြတ်လပ်၍ ဆန်ပြုတ်သောက်နေရသည်မှာ လနှင့်ချီ၍ ကြာမြင့်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများ သိရှိ၍ ကူညီဆောင်ရွက်ပေးနိုင်ရန် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)