ရမ်းဗြဲမြို့၌ အင်အားပြင်းမိုခါမုန်တိုင်း တိုက်ခတ်မူကြောင့် လူနေအိမ်နှင့်အဆောက်အဦများ သစ်ပင်သစ် ကိုင်းများ ဓာတ်မီးတိုင်များ ပြိုလဲပျက်စီးပြီး လမ်းပိတ်ဆို့မူ မဖြစ်စေရေး တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ အင်အားပြင်းမိုခါမုန်တိုင်း တိုက်ခတ်မူကြောင့် လူနေအိမ်နှင့်အဆောက်အဦများ သစ်ပင်သစ် ကိုင်းများ ဓာတ်မီးတိုင်များ ပြိုလဲပျက်စီးပြီး လမ်းပိတ်ဆို့မူ မဖြစ်စေရေး တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်





MNP ၊ မေ  ၁၅

ရခိုင်ပြည်နယ် ၊ ရမ်းဗြဲမြို့နယ်၌  လေမုန်တိုင်းတိုက်ခတ်မူကြောင့်  နေအိမ်နှင့်အဆောက်အဦများ အမိုးလန်

ခြင်း  သစ်ပင်သစ်ကိုင်းများ ၊ ဓာတ်မီးတိုင်များ  ပြိုလဲပျက်စီးပြီး  လမ်းပိတ်ဆို့မူများ    ဖြစ်ပေါ်နေခြင်းအား              ရှင်းလင်းခြင်းကို  ယနေ့ နံနက်ပိုင်းက  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


အဆိုပါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရမ္မာဝတီမြို့မဈေး ဆိုင်ခန်းများ အမိုးလန်ပျက်စီးခြင်း သစ်ပင်သစ်ကိုင်း

များနှင့် ဓာတ်မီးတိုင်များ ကျိုးကျမှု ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်

ခွဲမှုကော်မတီ ဥက္ကဌနှင့်သက်ဆိုင်ရာ ဌာနများ ၊ တပ်မတော်သားများ ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်

တပ်ဖွဲ့ဝင်များက သွားရောက်၍ လမ်းဘေးဝဲယာနှင့်ဆိုင်ခန်းများ ၊ နေအိမ်များတွင် ကျိုးကျနေသော သစ်ပင် 

သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း ၊ လဲကျနေသည့် ဓာတ်မီးတိုင်များကို  တာဝန်ရှိသူများက   ပြုပြင်

ဆောင်ရွက်ပြီး  လျှပ်စစ်မီးများ  အမြန်ဆုံးရရှိရေးအတွက် အချိန်နှင့်တပြေးညီ  ရှင်းလင်းဆောင်ရွက်လျှက်ရှိ

ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment