မာန်အောင်မြို့နယ်တွင် အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့်လူနေအိမ်နှင့် အဆောက်အဦအချို့ ထိခိုက်ပျက်စီးဆုံးရှုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင် အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့်လူနေအိမ်နှင့် အဆောက်အဦအချို့ ထိခိုက်ပျက်စီးဆုံးရှုံး






MNP ၊ မေ  ၁၆

         ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်းမေလ၁၄ရက်နေ့နံနက်ပိုင်းက  အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါသည်အရှေ့တောင်အရပ်မှ(၁)နာရီလျှင် လေတိုက်နှုန်းမိုင်(၆၀)နှုန်းဖြင့်တိုက်ခတ်ခဲ့ကာမိုးရေချိန်လက်မ

၀•၀၆လက်မရွာသွန်းခဲ့ကြောင်း မာန်အောင်မြို့နယ် မိုးလေဝသစခန်းမှ နံနက်၈နာရီခွဲ မြေပြင်မိုးလေဝသ တိုင်းတာချက်အရသိရသည်။


အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် မာန်အောင်မြို့နယ်အတွင်းရှိ လူနေအိမ်(၁၃၄)လုံး၊ဘုန်းကြီးကျောင်း(၂၃)ကျောင်း၊ဓမ္မာရုံ(၃)ရုံ၊စာသင်ကျောင်း(၃၀)ကျောင်း၊ဌာနဆိုင်ရာအဆောက်အဦ( ၅)လုံး၊ကျေးလက်ဆေးပေးခန်း(၉)ခန်း၊ဇရပ်(၃)ဆောင် စသည်တို့တွင် အမိုးလန်ခြင်း၊ပြိုကျခြင်း၊အိမ်အပေါ်သစ်ပင်လဲကျပျက်စီးခြင်းများဖြစ်ပြီးကွန်ဂရက်မီးတိုင်(၇)တိုင်မှာ ကျိုးကျပျက်စီးခဲ့ရာ စုစုပေါင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေကျပ်(၁၇၅.၇၆၈၆))သန်းဖြစ်ကြောင်းနှင့် မုန်တိုင်းဒဏ်ကြောင့် နွားတစ်ကောင်သေဆုံးပြီးလူများ ထိခိုက်မှု မရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းအရ သိ ရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)