တရုတ်နိုင်ငံက မြန်မာနိုင်ငံ စသည့် နိုင်ငံများအတွက် အရေးပေါ် ဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ အကူအညီများ ပေးအပ်သွားလိုကြောင်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံက မြန်မာနိုင်ငံ စသည့် နိုင်ငံများအတွက် အရေးပေါ် ဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ အကူအညီများ ပေးအပ်သွားလိုကြောင်း ပြောကြား



ပေကျင်း၊ မေ ၁၆

မကြာသေးမီရက်ပိုင်းတွင် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် မြန်မာနိုင်ငံ စသည့် နိုင်ငံများသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည်ကို တရုတ်နိုင်ငံအနေဖြင့် ဂရုပြုမိပါကြောင်း၊ မုန်တိုင်းကြောင့် ဖြစ်ပွားသော သေဆုံးဒဏ်ရာရမှုများနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မိမိတို့အနေဖြင့် သက်ဆိုင်ရာနှင့် နီးကပ်စွာ ဆက်သွယ်ပြီး နားလည်သိရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း တရုတ်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA)၏ ပြောရေးဆိုခွင့်ရှိသူ ရွှီဝေက မေ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရသည် သက်ဆိုင်ရာနိုင်ငံများ၏ လက်တွေ့လိုအပ်ချက်အရ အရေးပေါ် ဘေးအန္တရာယ် ဆိုင်ရာ အကူအညီများကို တတ်စွမ်းသမျှ ပေးအပ်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ 


Ref - (ဆင်ဟွာ)

#MyanmarNationalPost

No comments:

Post a Comment