MNP ၊ မေ ၁၆
တရုတ်ဘောလုံး အဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ မြန်မာ့လက်ရွေးစင် အသင်းသည် တရုတ်နိုင်ငံတွင် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲများအဖြစ် တရုတ်လက်ရွေးစင် အသင်း၊ မကာအို လက်ရွေးစင် အသင်းတို့နှင့် ၃ ပွင့်ဆိုင် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် စီစဉ်ထားမှုအရ မြန်မာအသင်းသည် ဇွန်လ (၁၆)ရက်နေ့တွင် တရုတ်လက်ရွေးစင် အသင်း၊ ဇွန်လ (၁၉)ရက်တွင် မကာအို လက်ရွေးစင် အသင်း တို့နှင့် ကစားရမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် Michael Feichtenbeiner အနေဖြင့် အဆိုပါ ခြေစမ်းပွဲများ အတွက် ပြည်တွင်းကစားသမားများနှင့် ထိုင်း၊ မလေးရှား လိဂ်များတွင် သွားရောက်ကစားနေသည့် ကစားသမားများအား ပြန်လည်ခေါ်ယူပြီး ပဏာမ မြန်မာ့လက်ရွေးစင် အသင်းအား ပြန်လည် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment