ရွှေတောင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍လေပြင်းတိုက်ခတ်မှုကြောင့်ပြိုကျပျက်စီးခဲ့သည့်လူနေအိမ် ( ၂)လုံး၊အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် ( ၁၁) လုံးထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍လေပြင်းတိုက်ခတ်မှုကြောင့်ပြိုကျပျက်စီးခဲ့သည့်လူနေအိမ် ( ၂)လုံး၊အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် ( ၁၁) လုံးထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ







MNP ၊ မေ  ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မေလ ၁၄ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်လူနေအိမ် ( ၂)လုံး၊အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် ( ၁၁)လုံးအား  ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက  ကျင်းပခဲ့သည်။


      အခမ်းအနားသို့ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အေးအေးသန့်နှင့်အဖွဲ့ဝင်များ၊ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် ဝန်ထမ်းများ ၊မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်၊  အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ ၊သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက  လေဘေးသင့်၍ ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် ( ၂) လုံးနှင့်အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် ( ၁၁)လုံးတို့အားခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ အိမ်ဆောက်ပစ္စည်းဖိုး ၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ( ၇၁၉၈၀၀/-) ကယ်ဆယ်ရေးပစ္စည်း ( ၁၇) မျိုးပါ ပုံး ( ၂) ပုံးနှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ တို့မှ ခေါက်ဆွဲခြောက်ထုပ်များထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)