ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre )ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre )ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ





MNP ၊ မေ  ၁၆

ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌  ယနေ့ နံနက်ပိုင်းက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။


            ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရွှေတောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ပြိုင်ပွဲများ ကျင်းပရခြင်းနှင့်ပတ်သက်၍ မျိုးဆက်သစ်ကျောင်းသားကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်ပြီး ပြောရဲဆိုရဲသည့် သတ္တိတွေမွေးမြူပေးနိုင်ရန်နှင့် စဉ်းစားတွေးခေါ်မှုများ မြင့်မားလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒို့ကျေးရွာဂျာနယ် အတွဲ-၂၀၊ အမှတ်(၉) ၊စာမျက်နှာ-၁၃ပါ " အပူဒဏ်နှင့်ကျန်းမာရေး ဆောင်းပါးဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၂၇) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။


          ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်  ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသားကျောင်းသူ များကို တာဝန်ရှိသူတို့မှ ဆုများနှင့် ဆုလက်ဆောင်များအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment