ရွှေတောင်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်အခြေခံစံနှုန်းလမ်းညွှန်သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်အခြေခံစံနှုန်းလမ်းညွှန်သင်တန်းဖွင့်လှစ်





MNP ၊ မေ  ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အမက မြောက်ပိုင်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထောက်ပံ့၍ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကျောင်းစာကြည့်တိုက် အခြေခံစံနှုန်းလမ်းညွှန်သင်တန်းဖွင့်လှစ်ခဲ့သည်။


           သင်တန်းတွင် သင်တန်းဖွင့်လှစ်ခြင်းနှင့်မိတ်ဆက်ခြင်း၊ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့၏စီမံချက်အစီအစဥ်များ၊ကျောင်းစာကြည့်တိုက်၏အဓိပ္ပါယ်အားရှင်းလင်းတင်ပြခြင်း၊စာဖတ်နိုင်မှုအခွင့်အရေး၊ဖွံဖြိုးတိုးတက်မှုအတွက်စာဖတ်ခြင်း၊ပုံပြောခြင်းနှင့်ကလေး၏အသိဥာဏ်ဖွံ့ဖြိုးမှု၊မြန်မာနိုင်ငံနှင့်ဆက်စပ်သည့် ကျောင်းစာကြည့်တိုက်၊တာဝန်ခံဆရာ / ဆရာမ ( စာကြည့်တိုက်မှူး)  အကြောင်းစသည့်တို့ကို ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ ဒေါ်ထက်မြတ်ဝတ်ရည်၊ဒေါ်သက်သက်ဟန်နီ၊ ဦးသော်တာစိုး၊ဒေါ်သင်းသင်းမြတ်တို့က ဆွေးနွေးသင်ကြားပို့ချမည်ဖြစ်ပြီးအဆိုပါကျောင်းရှိ ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ဆရာမ(၁၀)ဦးတက်ရောက်ကြပြီးသင်တန်းကာလတစ်ရက်သင်ကြားပို့ချမည်ဖြစ် ကြောင်း သိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)