မိုခါ မုန်တိုင်းအရှိန်ကြောင့် ဘားအံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများတွင် သစ်ပင်များကျိုးကျ၍ နေအိမ်များ ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါ မုန်တိုင်းအရှိန်ကြောင့် ဘားအံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများတွင် သစ်ပင်များကျိုးကျ၍ နေအိမ်များ ပျက်စီး





MNP ၊ မေ  ၁၆

ကရင်ပြည်နယ်၊ဘားအံခရိုင် ဘားအံမြို့တွင် ယမန်နေ့က ''မိုခါ'' မုန်တိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဘားအံမြို့ပေါ် အမှတ်(၄)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်နှင့် ဂျိုင်းကျေးရွာတို့တွင်နေအိမ်များ၊ ကျေးရွာအုပ် ချုပ်ရေးမှူးရုံး(၁)ရုံးနှင့် မူလတန်း ကျောင်း(၁)ကျောင်းတို့မှာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


အဆိုပါပျက်စီးမှုတွင် အမှတ်(၉)ရပ်ကွက် မင်္ဂလာလမ်းရှိ နေအိမ်(၁)အိမ်ပေါ်သို့ သစ်ပင်လဲကျမှုကြောင့် နေအိမ်ခေါင်မိုးသွပ်နှင့် သွပ်တန်းများပျက်စီးခြင်း၊ အမှတ်(၉) ရပ်ကွက်၊ မင်္ဂလာလမ်းရှိ နေအိမ်(၄)လုံး ခေါင်မိုးသွပ်များလန်ခြင်း၊ အမှတ်(၉)ရပ်ကွက် ပိတောက်လမ်းနှင့် ကံ့ကော်လမ်းထိပ်ရှိနေအိမ်(၁)အိမ်ပေါ်သို့ သစ်ပင်သစ်ကိုင်း ပြိုကျခဲ့ခြင်းကြောင့် သွပ်နှင့် သွပ်တန်းများ ပျက်စီးခြင်း၊ အမှတ်(၆)ရပ်ကွက် ကမ္ဘောဇလမ်းတွင် နေအိမ်(၁)အိမ်၏ ခေါင်မိုးသွပ်များလန်ခြင်း၊ သွပ်တန်းများ ပျက်စီးခဲ့ခြင်း၊  အမှတ်(၄) ရပ်ကွက်နှင့် သုခလမ်းတွင် (၄)ခန်းတွဲ(၂)ထပ်သူနာ ပြုသင်တန်းကျောင်းနှင့် အခြေခံဝန်ထမ်းအိမ်ရာခေါင်မိုးပေါ်သို့ သစ်ပင်သစ်ကိုင်းလဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။


အလားတူ လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘားအံမြို၊ ဂျိုင်းကျေးရွာအုပ်စုရှိ မူလတန်းကျောင်း (၁)ကျောင်းနှင့် အုပ်ချုပ်ရေးမှူးရုံး တို့ရှိ ခေါင်မိုးသွပ်ပြားများ ပျက်စီးခြင်း၊ အုပ်ချုပ်ရေးမှူးရုံး ခေါင်မိုးသွပ်ပြားများ လန်ထွက်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost






 


 


 


 


No comments:

Post a Comment