လိပ်သိုဒေသထွက် လိုင်ချီးသီးများ ဈေးကောင်းရရှိသော်လည်း အထွက်နှုန်းကျဆင်း၍ တောင်သူများ အခက်တွေ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုဒေသထွက် လိုင်ချီးသီးများ ဈေးကောင်းရရှိသော်လည်း အထွက်နှုန်းကျဆင်း၍ တောင်သူများ အခက်တွေ့




MNP ၊ မေ  ၁၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ လိုင်ချီးစိုက်ပျိုးထွက်ရှိသော ကျေးရွာအများစုတွင် လိုင်ချီးသီးများ အသီးတင်မှု နည်းပါးပြီး အထွက်နှုန်း ကျဆင်းသွား၍ ဈေးကောင်းရရှိသော်လည်း တောင်သူများ အခက်တွေ့လျက်ရှိကြောင်း သိရသည်။


ယခုနှစ်တွင် ရာသီးဥတု ပူပြင်းပြီး စမ်းချောင်းများ ရေခမ်းခြောက်သွားမှုကြောင့် လိုင်ချီးပင်များအား ပွင့်သီးချိန် ရေလုံလောက်စွာ ပေးသွင်းနိုင်မှုမရှိခြင်းကြောင့် ပွင့်သီးမှု ကောင်းမွန်ခဲ့သော်လည်း နောက်ပိုင်းတွင် အသီးကင်းများ ပြန်လည်ခြောက်သွေ့သွားကာ အသီးတင်ရှိမှု နည်းပါးခဲ့ရကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။


ယမန်နှစ်က အလုံး (၁၀၀) ပါ လိုင်ချီးသီးတစ်ထုပ်ကို (၂၀၀ဝိ/-) ကျပ်အထိသာ ဈေးအမြင့်ဆုံး ရရှိခဲ့သော်လည်း မော်တော်ယာဉ်များဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့သို့ တင်ပို့ရောင်းချနိုင်ခဲ့သည်။ ယခုနှစ်တွင် လိုင်ချီးသီးတစ်ထုပ်ကို (၂၅၀ဝိ/-)ကျပ်မှ(၃၀၀ဝိ/-) ကျပ်အထိ ဈေးကောင်းရရှိနေသော်လည်း မော်တော်ယာဉ်များဖြင့် တင်ပို့ရောင်းချ နိုင်ခြင်းမရှိဘဲ မော်တော်ဆိုင်ကယ်ပွဲစားများက ကျေးရွာအရောက် လာရောက်စုဆောင်းဝယ်ယူမှုကိုသာ အားထားနေရပြီး အချို့တောင်သူများက လက်လီလိုက်လံရောင်းချ နေကြရကြောင်း သိရသည်။


ခင်လေးနွယ် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment