ကန့်ဘလူမြို့နယ် ယမနေရွာကို PDF အကြမ်းဖက်သမားများက အဝေးမှ စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ် ယမနေရွာကို PDF အကြမ်းဖက်သမားများက အဝေးမှ စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိ



MNP ၊ မေ ၁၈

ကန့်ဘလူမြို့နယ် ယနေရွာကို  ယနေ့ နံနက်ပိုင်း က PDF အကြမ်းဖက်သမားများက အဝေးမှ စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး ရွာကို ဝင်းစီးမည်ဟူသော သတင်းများ ကြားသိနေရကြောင်း ဒေသခံတစ်ဦးက ဆက်သွယ်ပြောဆိုသည်။

ဒေသခံတစ်ဦး က "ကန့်ဘလူမြို့နယ်၊ ယမနေရွာမှာစစ်ကြောင်းက ၁ပါတ်လောက် အထိုင်ချပြီးနယ်မြေရှင်းလင်းသွားပြီ။ ခုရွာကနေပြန်ထွက်သွားတာ ၅ရက်ခန့်ရှိပါပြီ။ ဒီနေ့မှာပဲ ရွာရဲ့အရပ်လေးမျက်နှာကနေ PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများနှင့် ဝိုင်းပြစ်နေကြတာ။ ရွာထဲကို ၁၅ချက် ကျပါတယ်။ PDF အကြမ်းဖက်သမားတွေ က ရွာထဲကိုဝင်စီးဖို့ လုပ်နေပါတယ် ကူညီရရင် ကူညီပေးပါဗျ။" ဟု ဆက်သွယ်ပြောဆိုသည်။

PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ခေါင်းစဉ်အမျိုးမျိုးတပ်၍ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေခြင်းကြောင့် ဒေသခံ ရွာသူရွာသားများ စိုးရိမ်နေကြသည်။


#MyanmarNationalPost

No comments:

Post a Comment