MNP ၊ မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးတို့အတွက် ဌာနဆိုင်ရာများ စုပေါင်း၍သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စဉ့်ကူးမြို့ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များက အနီးကပ်ကြီးကြပ်လျက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အ.ထ.က (စဉ့်ကူး)မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်သူများ ပူးပေါင်းပါဝင်သော စုစုပေါင်းအင်အား (၂၆၀)ဦး တို့က ကျောင်းဝန်း အတွင်း/အပြင်တို့တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ မြက်ပင်များရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ် အမှိုက်သရိုက်များရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသော အမှိုက်ခြောက်များအား မီးရှို့ခြင်းနှင့် အမှိုက်စိုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ကြသည်။
အလားတူ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၄)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁)ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း (၅)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၁၂)ကျောင်းတို့တွင်လည်း ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေးအတွက် ကျေးရွာများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment