MNP ၊ မေ ၁၉
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲသော Sea Game ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သော မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းအား စင်္ကာပူရောက် မြန်မာပရိတ်သတ်များက ဂုဏ်ပြုသည့် ဆုတော်ငွေကို ယနေ့ သွားရောက်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့က စင်္ကာပူရောက် မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း၏ ပရိတ်သတ်များက ဂုဏ်ပြုချီးမြှင့်လိုကြောင်း မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ်လာသဖြင့် မြန်မာအမျိုးသမီးအသင်းလက်ရွေးစင်အသင်း၏ အုပ်ချုပ်သူအဖွဲ့နှင့် အဆက်အသွယ်ရရှိရန် ချိတ်ဆက်ပေးခဲ့ပြီး အဆက်အသွယ်ရရှိခဲ့သည်။
စင်္ကာပူရောက် မြန်မာအမျိုးသမီးဘောလုံးအသင်း၏ ပရိတ်သတ်များက နိုင်ငံဂုဏ်ဆောင်၍ ငွေတံဆိပ်ဆုရရှိအောင် ကြိုးစားပမ်းစား အားထုတ်ခဲ့ကြသည့်အတွက် စုပေါင်းဂုဏ်ပြုချီးမြှင့်ကြခြင်း ဖြစ်သည်။
#MyanmarNationalPost



No comments:
Post a Comment