ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး doses တစ်သန်းနှင့် ဆေးထိုးအပ်တစ်သန်း လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး doses တစ်သန်းနှင့် ဆေးထိုးအပ်တစ်သန်း လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကျင်းပ

 


MNP ၊ မေ ၂၇

ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး doses တစ်သန်းနှင့် ကာကွယ်ဆေးထိုးအပ် တစ်သန်းတို့သည် ယမန်နေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်ခရီးစဉ် အမှတ် KR3763 အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်တွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ Permanent Secretary of State၊ H.E. Dr. Youk Sambath တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။


အဆိုပါ အခမ်းအနားတွင်မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရေး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအားရှေးရှု၍ လှူဒါန်းသော Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး doses တစ်သန်းနှင့် ကာကွယ်ဆေးထိုးအပ်တစ်သန်းတို့အား ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ Permanent Secretary of State၊ H.E. Dr. Youk Sambath က လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြု လွှာ ပြန်လည်ပေးအပ်သည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)