နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးနန်းမြို့တွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှုများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးနန်းမြို့တွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှုများအား ကြည့်ရှုစစ်ဆေး




MNP ၊ မေ ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ မွန်းလွဲပိုင်းက ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးနန်းမြို့တွင်းရှိ မြနန်း စံကျော် ရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှု စစ်ဆေးသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် မှန်နန်းတော်ကြီး၊ ဗောင်းတော်ဆောင်၊ ညီလာခံကျင်းပရာအဆောင်များ၊ မှန်နန်းဆောင်၊ အလယ်နန်းဆောင် တို့အပါအဝင် ရွှေနန်းတော်ကြီးအတွင်း လှည့်လည် ကြည့်ရှုကြရာ မြနန်းစံကျော် ရွှေနန်းတော်ကြီး အဝန်းအဝိုင်းတစ်ခုလုံးကို ထိန်းသိမ်း ထားရှိမှုများနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ သာသနာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသား ပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသောင်း နှင့် တာဝန်ရှိ သူများက ရှင်းလင်းတင်ပြကြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်က မြနန်းစံကျော် ရွှေနန်းတော်ကြီးသည် အခြား နန်းတော်ကြီးများ နှင့် မတူဘဲ တည်ဆောက်ပုံ၊ တည်ရှိပုံများနှင့်ပတ်သက်၍ မှတ်တမ်းမှတ်ရာများ ပြည့် ပြည့်စုံစုံရှိသည့် နန်းတော်ကြီးဖြစ်ကြောင်း၊ ကိုလိုနီခေတ်ကတည်းက ပြည်တွင်း၊ပြည်ပ  မှတ်တမ်းမှတ်ရာ၊ အကိုးအကားများ စုံစုံလင်လင်ရှိပြီးဖြစ်သည့်အတွက် ခိုင်မာသည့် သမိုင်းအထောက်အထားများ၊ မှတ်တမ်းမှတ်ရာများနှင့် ကိုက်ညီအောင် အတတ်နိုင် ဆုံး ဆောင်ရွက်သွားရန်လိုကြောင်း၊ နန်းတော်ကြီးအတွင်းရှိ အဆောင်များအလိုက် အခန်းများအတွင်း ရှေးခေတ်အသုံးအဆောင်များနှင့် ပုံစံတူများ ထားရှိနိုင်ရေး မှတ်တမ်းများ ပြန်လည်ကြည့်ရှုဆောင်ရွက်သွားရန်လိုကြောင်း၊ မှန်နန်းဆောင် အတွင်းရှိ တိုင်လုံးများ အပေါ်တွင် မှန်စီရွှေချခြင်းများကို သပ်ရပ်မှုရှိအောင် ပြန်လည် ဆောင်ရွက်သွားရန်လို‌ကြောင်း၊ ပလ္လင်တော်အပါအဝင် အချို့သော အသုံးအဆောင် ပစ္စည်းများကို ရေရှည် တည်တံ့ခိုင်မြဲစေရေးအတွက် မှန်ကာရံခြင်းများကိုဆောင်ရွက် သွားရန်လိုကြောင်း၊   နန်းဆောင်အချင်းချင်း ဆက်သွယ်ထားသည့် လမ်းများကိုလည်း မူလပုံစံများအတိုင်း အတတ်နိုင်ဆုံးဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှေး ဟောင်း အမွေအနှစ်လက်ရာများဖြစ်သည့်အတွက် အထူးဂရုပြု ထိန်းသိမ်းစောင့် ရှောက်သွားရန် လိုကြောင်းနှင့် သန့်ရှင်းသပ်ရပ်မှုရှိအောင် ထိန်းသိမ်းဆောင်ရွက် မည်ဆိုပါက လာရောက်လေ့လာသူများကိုလည်း ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ဖြင့် မှာကြားသည်။ 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် မြနန်းစံကျော်ရွှေနန်းတော်ကြီး သမိုင်းမှတ်တမ်းဓာတ်ပုံများနှင့် နန်းတွင်းအသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသမှုများကို ကြည့်ရှုကာ လိုအပ်သည် များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)