Airbus အစင်း ၅၀၀ အိန္ဒိယလေကြောင်းလိုင်း IndiGo စံချိန်သစ်တင် မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Airbus အစင်း ၅၀၀ အိန္ဒိယလေကြောင်းလိုင်း IndiGo စံချိန်သစ်တင် မှာကြား


MNP ၊ ဇွန် ၂၀

အိန္ဒိယဘတ်ဂျက်လေကြောင်းလိုင်း IndiGo သည် တနင်္လာနေ့ (ဇွန် ၁၉)တွင် အဲဘတ်စ်မှ ကိုယ်ထည်အကျဉ်း လေယာဉ်အစင်း ၅၀၀ ကို မှာယူခဲ့ကြောင်း သိရသည်။ အစီးရေအရ ကမ္ဘာ့အများဆုံး လေယာဉ်အမှာစာအဖြစ် စံချိန်သစ် တင်ခဲ့ပြီး

ယခင်စံချိန်ဟောင်းမှာ အိန္ဒိယမှ Tata Group ပိုင်ဆိုင်သည့် Air India က Boeing  ၂၂၀ စင်းနှင့် Airbus ၂၅၀ စင်း မှာကြားခြင်း ဖြစ်သည်။

၂၀၃၀ ခုနှစ် နောက်ဆုံးထားပြီး ယခင်မှာကြားထားသည့် Airbus ၄၈၀ စင်းကို ရရှိမည်ဖြစ်ပြီး ယခုအမှာစာ လေယာဉ်အသစ် ၅၀၀ စင်းကို ၂၀၃၀ မှ ၂၀၃၅ ခုနှစ်အတွင်း ရရှိမည်ဖြစ်ကြောင်း IndiGo ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

IndiGo သည် လက်ရှိတွင် အဲဘတ်စ် လေယာဉ် ၃၀၀ ဖြင့် ပျံသန်းပြေးဆွဲနေသည်။

Air India သည် ဖေဖော်ဝါရီလတွင် Boeing နှင့် Airbus တို့ထံမှ လေယာဉ်အစင်းရေ ၄၇၀ ကို မှာကြားခဲ့ရာတွင် ခရီးရှည် နိုင်ငံတကာလေကြောင်းပျံသန်းမှုများ လုပ်ဆောင်ရန်အတွက် ကိုယ်ထည်ကျယ်သောအမျိုးအစား ၇၀ စင်း ပါဝင်သည်။ 

အိန္ဒိယမှ  Akasa Air သည် ဩဂုတ်လတွင် စတင်ပျံသန်းခဲ့ပြီး ယခုနှစ်အတွင်း နိုင်ငံတကာ ခရီးစဉ်များ စတင်ပျံသန်းမည်။  လက်ရှိတွင် Boeing ၇၂ စီး မှာကြားထားပြီး နောက်ထပ် လေယာဉ်အသစ် အစီးရေ ရာဂဏန်း မှာကြားဖို့ အစီအစဉ် ရှိသည်။

လေကြောင်း အတိုင်ပင်ခံလုပ်ငန်း CAPA က ပြည်တွင်းသွားလာသည့် လေယာဉ်စီး ခရီးသည်ဦးရေ တိုးပွားနှုန်းသည် ၂၀၂၄ မတ်လကုန်အထိ ကာလအတွင်း ၂၀% ရှိမည်ဟု ခန့်မှန်းသည်။ ခရီးသည် သန်း ၁၆၀ ကို ပို့ဆောင်ရမည်။ နိုင်ငံတကာခရီးသည် ၇၅ သန်းကို ပို့ဆောင်ရမည်။

တုံ့ပြန်ဆောင်ရွက်ပေးသည့် အနေဖြင့် အိန္ဒိယ အစိုးရက လေဆိပ်တည်ဆောက်ရေးနှင့် ခေတ်မီရေး အတွက် ဒေါ်လာ ၁၁.၈ ဘီလီယံ သုံးစွဲရန် လျာထားသည်ဟု သိရပြီး နိုင်ငံတစ်ဝန်းရှိ လေဆိပ်အရေအတွက် ၁၄၀ မှ ၂၂၀ သို့ ၂၀၂၅ ခုနှစ် နောက်ဆုံးထားပြီး တိုးမြှင့်ရန် မျှော်မှန်းထားသည်။

အိန္ဒိယနိုင်ငံရှိ မြို့ပေါင်း ၇၈ မြို့သို့ ပျံသန်းသည့် IndiGo လေကြောင်းလိုင်းသည် ၂၀၂၂ ခုနှစ်တွင် နိုင်ငံအတွင်း ခရီးသည် ၆၉ သန်းကို သယ်ဆောင်ခဲ့သည်။ ၎င်း၏ ပြည်တွင်းဈေးကွက်ဝေစုသည်၂၀၂၃ မေလတွင် ၆၁.၄% ရှိနေပြီး Air India ထက် ၂ ဆကျော်သည်။ နိုင်ငံတကာ ခရီးသည်တွင် Air India က ပိုများသည်။ 

ယမန်နှစ်က IndiGo သည်  နိုင်ငံတကာခရီးသည် ၇.၄၂ သန်း သယ်ဆောင်ခဲ့ပြီး Air India သည် ၁၀.၆၇ သန်း သယ်ဆောင်ခဲ့သည်။

၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး IndiGo သည် ခက်ခဲသော ပြည်တွင်းဈေးကွက်တွင် အောင်မြင်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)