မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၌ ဇွန် ၁၈ ရက်တွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၈ ဒသမ ၅၇၅ သန်း ဆောင်ရွက်နိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၌ ဇွန် ၁၈ ရက်တွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၈ ဒသမ ၅၇၅ သန်း ဆောင်ရွက်နိုင်


MNP ၊ ဇွန် ၂၀

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် ၁၈-၆-၂၀၂၃ ရက်တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ ၆ ဒသမ ၆၉၅ သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၈၈၀ သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ ၈ ဒသမ ၅၇၅ သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။


၂၀၂၃ ခုနှစ် ဇွန် ၁ ရက်မှ ၁၈ ရက်အထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၂၆ ဒသမ ၆၄၈ သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၃၅ ဒသမ ၅၇၆ သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၆၂ ဒသမ ၂၂၄ သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် ၂၉၅ ဒသမ ၄၀၆ ကျပ်ဖြင့် တွက်ချက်ထားရှိသည်။


၁၂-၆-၂၀၂၃ ရက်မှ ၁၈-၆-၂၀၂၃ ရက်အတွင်း အများဆုံးအမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကျောက်စိမ်း ၇၉ ဒသမ ၃၈၉ တန်၊ ငါးရှဉ့် ၃၀၃ ဒသမ ၁၆၀ တန်၊ ဝါဂွမ်း ၅၄၈ ဒသမ ၁၅၈ တန်၊ ကဏန်း ၂၀၀ ဒသမ ၁၂၅ တန်၊ ကြက်သွန်နီ ၂၅၅၂ ဒသမ ၅၀၀ တန်၊ သရက်သီး ၁၆၅၁ ဒသမ ၈၀၀ တန်၊ ဆန်ကွဲ ၁၄၉၄ ဒသမ ၅၀၀ တန်၊ ကြေးနီ ၁၀၁ ဒသမ ၇၀၀ တန်၊ ပုစွန်ဖွဲ ၆၁၂ ဒသမ ၇၅၀ တန်နှင့် ခဲသွပ်အရောသတ္တု ၃၄၆ ဒသမ ၀၀၀ တန်တို့ ဖြစ်သည်။


၁၂-၆-၂၀၂၃ ရက်မှ ၁၈-၆-၂၀၂၃ ရက်အတွင်း အများဆုံးအမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း များမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ ၊ ဒီဇယ်/ဓာတ်ဆီ၊ CMP စက်ရုံသုံးကုန်ကြမ်းပစ္စည်းများ၊ သွပ်လိပ်၊ ဆိုလာပြား၊ သံပိုက်၊ အလူမီနီယံသံဘောင်၊ ဓာတ်မြေဩဇာ၊ အစားအစာထုပ်ပိုးသည့် ပလတ်စတစ်အကြည်လိပ်နှင့် သံချောင်းတို့ဖြစ်သည်။ ၁၂-၆-၂၀၂၃ ရက်မှ ၁၈-၆-၂၀၂၃ ရက်အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ကျောက်စိမ်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၃၁၀၄ ဒသမ ၆၀၂ နှုန်း၊ ငါးရှဉ့်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၉၅ ဒသမ ၃၁၀ နှုန်း၊ ဝါဂွမ်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၇၉၅ ဒသမ ၇၂၈ နှုန်း၊ ကဏန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၁၆ ဒသမ ၈၃၃ နှုန်း၊ ကြက်သွန်နီ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၈ ဒသမ ၈၈၈ နှုန်း၊ သရက်သီးတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၂ ဒသမ ၉၈၁ နှုန်း၊ ဆန်ကွဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၂ ဒသမ ၁၉၅ နှုန်း၊ ကြေးနီတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၉၀၉ ဒသမ ၉၁၄ နှုန်း၊ ပုစွန်ဖွဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၀ ဒသမ ၂၅၅ နှုန်း၊ ခဲသွပ်အရောသတ္တု တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၂၇ ဒသမ ၃၀၀ နှုန်းဖြင့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)