မအီမြို့ အ.ထ.က တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြာပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ အ.ထ.က တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြာပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲပြုလုပ်





MNP ၊    ဇွန်   ၁၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး‌နေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့မွန်းလွဲပိုင်းက  မအီမြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြရတနာ) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသက်နောင်ထွန်းက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ မူးယစ်ဆေးဝါးဆိုးကျိုးများနှင့် မအီမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဆောင်ရွက်နေသည့် အသိပညာပေး လုပ်ငန်းများ အကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်ရရှိလာမည့် ဆိုးကျိုးများအကြောင်းနှင့် “မူးယစ်ကင်းစင် မြူမတင်၊  ဖြူစင်လှပ လူ့ဘဝ” ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို  ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခဲ့သည်။ ဆက်လက်၍ မအီနယ်မြေရဲစခန်းမှ  ဒုရဲအုပ်မျိုးဇင်ယုမှ  ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ပြဌာန်းထားသည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများအကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အဓိက အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်ဖြစ်ပေါ်နိုင်သည့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်းရာ ဆိုးကျိုးများအကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲ ရောဂါဖြစ်သည့် (HIV/AIDS) ရောဂါအကြောင်းများကို အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာကြီးဦးသန်းဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 


ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေး ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့  အထိမ်းအမှတ် ဓာတ်ပုံပြပွဲနှင့် နံရံကပ် စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။ အဆိုပါ အသိပညာပေး ဟောပြာပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲသို့ အထက်တန်း/ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)