အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအသိ ပညာပေးဆွေးနွေးပွဲ(TalkShow)ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအသိ ပညာပေးဆွေးနွေးပွဲ(TalkShow)ပြုလုပ်




MNP ၊    ဇွန်   ၁၉

    ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်း မြို့ နယ်လူထုအခြေပြုဗဟိုဌာ(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မသန် စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အသိ ပညာပေးဆွေး နွေးပွဲ(Talk Show)ကို  ယနေ့ နေ့ လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


     ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဉီးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ​အများပြည်သူ များအားအသိပညာဗဟုသုတရရှိစေရန်အသိ ပညာပေး Talk Show များပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားကာအသိ ပညာပေး Talk Showဆွေး နွေးပွဲကိုဆက်လက်ကျင်းပခဲ့ရာ ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်က မသန်စွမ်းသူများနှင့်ပတ်သက်၍အမျိုး အစားဘယ်နှစ်မျိုးရှိပြီး မသန်စွမ်းသူများ၏အခွင့်အရေး၊ အခြေခံလွတ်လပ် ခွင့်နှင့် တန်းတူညီမျှမှု၊ အလုပ်အကိုင်အခွင့်အ လမ်းများ၊ ကာကွယ်စောင့် ရှောက်ခံပိုင်ခွင့်များနှင့်ပါတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့သည်။


 ဆက်လက်၍မြို့နယ်လူမှုဝန် ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းဦးက ကိုယ်အင်္ဂါမသန်စွမ်း၊ ဉာဏ်ရည်မသန်စွမ်း၊ အကြားအာရုံမသန်စွမ်း၊အမြင် အာရုံမသန်စွမ်း၊ စိတ်ပိုင်းဆိုင်ရာမသန် စွမ်း ဟူ၍မသန်စွမ်းသူများအမျိုးအစား (၅)မျိုးရှိကြောင်း၊ မသန်စွမ်းဆိုသည်မှာ ကိုယ်ကာယ၊အမြင်၊အပြော၊ အကြား၊ အသိ ဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင် ရာ၊ တစ်ခု(သို့)တစ်ခုထက်ပို၍ ချို့ ယွင်းအားနည်းချက်များကို ရေရှည်ခံ စားနေရသူကို ဆိုလိုပါကြောင်း၊ မသန် စွမ်းမှုဆိုသည်မှာ ပတ်ဝန်းကျင်ရုပ်ပိုင်းဆိုင်ရာ စိတ်သဘောထားအမြင်ပိုင်းဆိုင် ရာနှင့် အခြားအတားအဆီးများကြောင့် လူ့အ ဖွဲ့အစည်းအတွင်း အပြည့်အဝပါ ဝင်လှုပ်ရှားနိုင်မှု မရှိခြင်းကို ဆိုလိုပါကြောင်း၊ လူ့အခွင့်အရေး၊ အခြေခံလွတ် လပ်ခွင့်နှင့် တန်းတူညီမျှမှု၊ အလုပ်အ ကိုင်အခွင့်အ လမ်းများ၊ ကာကွယ်စောင့် ရှောက်ခံပိုင်ခွင့်များ၊အလုပ် အကိုင်အ တွက် အခွင့်အလမ်းများ၊ မသန်စွမ်းသူဖြစ်ကြောင်း အသိအမှတ်ပြုရန် သတ် မှတ်ချက်များနှင့်အညီ မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်းနှင့်ပါတ်သက် ၍ ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။


 အဆိုပါ အသိပညာပေးဆွေးနွေးပွဲအား  ပြည်သူများ မသန်စွမ်းသူများနှင့်ပတ် သက်၍သိရှိစေရန် မသန်စွမ်း သူ များ၏ အခွင့်အရေးများဆိုင်ရာများကိုသိ ရှိစေရန်အသိပညာပေး Talk Showဆွေးနွေးပွဲများကျင်းပပေးခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)