MNP ၊ ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ( ၄၂၁) မင်းရွာကွင်းတွင် ယမန်နေ့ နံနက်ပိုင်းက. တောင်သူ ဦးလင်းလင်း စိုက်ပျိုးထားရှိသည့် ကောက်ညှင်းမွှေး ( ၁၃) ဧကအနက် စံကွက် ( ၃) ဧကရိတ်သိမ်းခြင်းအခမ်းအနားကိုပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်၊(မြို့နယ်စိုက် /ကြပ်ကော်မတီဥက္ကဌ) နှင့် အဖွဲ့ဝင်များ ၊မြို့နယ်စိုက်/ ကြပ်ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနဝန်ထမ်းများ၊ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများစုစုပေါင်းအင်အား ( ၈၅) ဦးခန့်တက်ရောက်ခဲ့ပြီး ( ၁) ဧကလျှင် အစိုအထွက်တင်း ( ၁၁၀. ၆၄) တင်း ထွက်ရှိကြောင်းသိရသည်။
ကိုကို မင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment