ဇေယျာသီရိမြို့နယ်ရှိ အောင်သာကျေးရွာမှ ပြည်သူ ၉၀ ဦးတို့အား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းစဉ် စတင်ကွင်းဆင်း ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြို့နယ်ရှိ အောင်သာကျေးရွာမှ ပြည်သူ ၉၀ ဦးတို့အား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းစဉ် စတင်ကွင်းဆင်း ဆောင်ရွက်ပြီးစီး


MNP ၊    ဇွန်   ၁၃

လူဝင်မှု​ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ရပ်ကွက်/ကျေးရွာများအတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းစဉ်များကို ၁၁-၆-၂၀၂၃ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် အောင်သာကျေးရွာမှ ပြည်သူ ၉၀ ဦး တို့အား စတင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးအနေဖြင့်  မြို့နယ် အတွင်း နေထိုင်သူအသက် (၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင်သိမ်းဆည်းပြီး ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အဆိုပါဆောင်ရွက်မှု၏ အကျိုးကျေးဇူးများအနေဖြင့် e-Government Application များနှင့် တွဲဖက်အသုံးပြုနိုင်ရန်အတွက် အခြေခံကျသည့် စနစ်တစ်ခုဖြစ်ခြင်းကြောင့် ပညာရေး၊ ကျန်းမာရေး၊ SIM ကတ်မှတ်ပုံတင်ခြင်း၊ ဘဏ်နှင့်ငွေကြေး ဝန်ဆောင်မှုများ၊ နိုင်ငံကူးလက်မှတ်၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ်နဲ့ ယာဉ်မောင်းလိုင်စင် စသည့်ဝန်ဆောင်မှုလုပ်ငန်းများ လျှောက်ထားရာတွင် ပိုမိုလွယ်ကူစွာ လျှောက်ထားနိုင်မည်ဖြစ်ပြီး ယနေ့တွင် ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမောင်မောင်တာ ကြီးကြပ်၍ သာစည်ကျေးရွာအုပ်စု၊ အောင်သာကျေးရွာရှိ ပြည်သူ ၉၀ ဦးတို့အား ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထွန်းလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)