MNP ၊ ဇွန် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်မြို့နယ်၊ နောင်တရားမြို့ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ကျေးငှက်တိရိစ္ဆာန်များပေါများပြီး ရာသီဥတုကောင်းမွန်စေရန်နှင့် စန္တာခမ်းဘက်စုံ ဖွံ့ဖြိုးရေးကွင်း၌ အရိပ်ကောင်းမွန်ပြီး လေကာပင်များအဖြစ် တည်ရှိစေရန်ရွည်ရွယ်ပြီး ပင်လောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း ကော်မတီဝင်များ၊ ဒေသခံပြည်သူများ စုပေါင်း၍ သစ်ပင်ပျိုးပင်ပေါင်း (၁၈၀၀)ပင်ကို ယနေ့နံနက် ၉ နာရီခွဲ အချိန်တွင် စိုက်ပျိုးသည်။
သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားတွင် ကလောမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်အောင်မှ သစ်ပင်ပျိုးပင်များကို ပင်လောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသို့လည်းကောင်း ပေးအပ်ခဲ့သည်။
စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ခါတော်မှီ(၁၅၀၀)ပင်၊ ချယ်ရီ(၁၀၀)ပင်၊ စိန်ပန်းပြာ(၁၀၀)ပင်၊ ပဒေါက်(၁၀၀)ပင်စသည့် သစ်ပင်ပျိုးပင် စုစုပေါင်း(၁၈၀၀)ပင်ကို စိုက်ပျိုးခဲ့သည်။ ၂၀၂၃ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲသို့ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ (၁၇၃)ဦး တက်ရောက်၍ သစ်ပင်ပျိုးပင်များကို စိုက်ပျိုးခဲ့သည်။ သစ်ပင်ပျိုပင်များ ရေရှည်ရှင်သန်ကြီးထွားရန်အတွက် ပင်လောင်းမြို့နယ် သစ်တောဦးစီးဌာနနှင့် ဒေသခံပြည်သူများဖြင့် ပေါင်းရှင်းခြင်း၊ မြေဆွေးထည့်ခြင်းနှင့် နွေရာသီတွင်ရေလောင်းခြင်း စသည့် သစ်ပင်ကြီးထွားရန်အတွက် ပြုစုပျိုးထောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု သစ်တောဦးစီးဌာနမှ သိရသည်။
ခွန်အောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment