MNP ၊ ဇွန် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီ လူထုသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက နမ့်ကုန်း ကျေးရွာ အုပ်စု၊ ခတ်တန်ကျေးရွာရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က စိုက်ပျိုးသစ်ပင်များကို နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဇင်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် တာဝန်ရှိ သူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသည့် ဒုတိယ ဗိုလ်မှူးကြီး ဇင်အောင်နှင့် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး အောင်ကိုစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သီတာဝင်းနှင့် အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက ကျွန်း ၁၀၀ပင်၊ မန်ဂျန်ရှား၁၅၀ပင်၊ စိန်ပန်းပြာ ၅၀ပင်၊ စိန်ပန်းနီ ၅၀ပင်၊ ငုစပ် ၅၀ပင်၊ ပန်းမယ်ဇလီ ၁၀၀ပင်၊ ခရေ ၂၅ပင်၊ ကံ့ကော် ၁၅ ပင် စုစုပေါင်း သစ်ပင်(၅၄၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ ကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ ခုနှစ်၊ မိုးရာသီ လူထုသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနက ထာဝရကုသိုလ်ရယူဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့၊ သစ်တောသစ်ပင် ကျေးဇူးရှင်ထိန်းသိမ်းကြစို့ ထာဝစဉ် စသည့် ဆောင်ပုဒ်များဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment