နောင်တရားဒေသတွင် ခရမ်းချဉ်သီးစိုက်ပျိုးမည့် တောင်သူများပြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်တရားဒေသတွင် ခရမ်းချဉ်သီးစိုက်ပျိုးမည့် တောင်သူများပြား


MNP ၊    ဇွန်   ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ ပတ်ဝန်းကျင်၌ ယခင်နှစ်တွင် ခရမ်းချဉ်သီး တစ်နှစ်ပတ်လုံး ဈေးကောင်းခြင်းကြောင့် ယခုတွင် ခရမ်းချဉ်သီးစိုက်ပျိုးမည့် တောင်သူများပြားလျက်ရှိကြောင်း ခရမ်းချဉ်သီးစိုက်တောင်သူတစ်ဦးက ပြောသည်။


“ယခင်နှစ်က ခရမ်းချဉ်သီးဈေးအလွန်ကောင်းပါတယ် တစ်နှစ်ပတ်လုံးကောင်းတယ် ပြောရမယ် တစ်ပိဿာကို ကျပ် ၅၀၀ အထက်ရနေလို့ပါ ဈေးအတက်အကျတော့ရှိပေါ့။ တစ်ပိဿာ ၅၀၀ ကျပ်ကနဲ့ ဈေးမကျတော့ အကျိုးအမြတ်ပိုရပါတယ်၊ ယခုနှစ် မိုးအကျမှ ခရမ်းချဉ်သီးစိုက်တောင်သူတွေ ယခင်နှစ်ထက်များမယ်ထင်တယ်။ ရွာတိုင်း အိမ်တိုင်း ခရမ်းချဉ်သီးတွေ ပျိုးထောင်ကြတယ် ပုံမှန်စိုက်တဲ့ တောင်သူတွေလည်း တိုးပြီးစိုက်ကြတယ်။ ကျွန်တော်လည်း ယခင်နှစ်က မျိုးစေ့  ၅ ထုပ်လောက်ဘဲ စိုက်တယ်။ ယခုနှစ်မှာတော့ မျိုးစေ့ ၁၅ ထုပ် တိုးပြီးစိုက်ဖြစ်နေတယ်။ သီးနှံတစ်မျိုးတည်း စုပြုံစိုက်ရင် ဈေးမကောင်းတက်ပေမဲ့ စိုက်ပျိုးမြေနည်းလို့ ခရမ်းချဉ်သီးကို တိုးပြီးစိုက်ဖြစ်တာပါ” ဟု ကောင်နာကျေးရွာမှ ခရမ်းချဉ်စိုက်တောင်သူတစ်ဦးက ပြောသည်။


နောင်တရားဒေသတွင် ခရမ်းချဉ်သီးကို ပင်ပုမျိုးနှင့် ကိုင်းထောင်မျိုး နှစ်လုံးကို စိုက်ပျိုးကြသော်လည်း ကိုင်းထောင်မျိုးသည် ဈေးပိုမိုကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးသည့် တောင်သူများပြားသည်။ ခရမ်းချဉ်သီးစိုက်ပျိုးခြင်းသည် စိုက်ပျိုးရေးစရိတ်နည်းပါးခြင်း၊ မြေဧကကျယ်ပြန့်စွာ မလိုအပ်ခြင်းကြောင့် ခရမ်းချဉ်သီးစိုက်ပျိုးခြင်းကို တောင်သူအများ အပြားက စိတ်ဝင်စားကြသည်။ ယခုအချိန်တွင် အောင်ပန်းကုန်စည်ဒိုင်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ အထိ အရောင်းအဝယ် ပြုလုပ်လျက်ရှိသည်။ နောင်တရားဒေသမှ ထွက်ရှိသည့် ခရမ်းချဉ်သီးများကို အောင်ပန်းကုန်စည်ဒိုင်သို့ တင်ပို့ရောင်းချခြင်း၊ စာသုံးသူလက်ဝယ်သို့တိုက်ရိုက်ရောင်းချခြင်းဖြင့် မြန့်မာပြည်အနှံ့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။


ခွန်‌အောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)