“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် ဟိုပန်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တရားမဝင်ကုန်ပစ္စည်းများ တားဆီးနိုင်ရေးအတွက် ရှောင်တခင်ကွင်းဆင်း စစ်ဆေးနေမှုအား ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် ဟိုပန်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တရားမဝင်ကုန်ပစ္စည်းများ တားဆီးနိုင်ရေးအတွက် ရှောင်တခင်ကွင်းဆင်း စစ်ဆေးနေမှုအား ကြည့်ရှု



MNP ၊ ဇွန် ၁၃

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များသည်  ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ နှင့်အတူ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက ဟိုပန်မြို့နယ်အဝင်၊ ဖောင်ဆိပ်တံတားရှိ မြို့အဝင်/ အထွက်ဂိတ်နှင့် ဟိုပန်-နမ့်တစ် လမ်းဆုံနေရာများ၌ မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တရားမဝင်ကုန်ပစ္စည်းများ တားဆီးနိုင်ရေးအတွက် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့သည်။


ကွင်းဆင်းစစ်ဆေးရာတွင် ဥက္ကဋ္ဌနှင့် ပူးပေါင်းအဖွဲ့သည် ဟိုပန်မြို့နယ်၊ မန်မိုင်ရပ်ကွက်ရှိ မြို့အဝင်/အထွက် ဖောင်ဆိပ်တံတားဂိတ်၌ စုရပ်ပြု၍  မြို့နယ်အတွင်း နယ်မြေလုံခြုံရေး အတွက် တရားမဝင်နိုင်ငံသားများမဟုတ်သည့်သူများ၊ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်း ပစ္စည်းများ၊ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်လာမှု ရှိ/မရှိ၊ အဖျက်အမှောက်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လူကုန်ကူးမှုများဖြစ်ပွားမှု မရှိစေရေးနှင့် အခြားမလိုလားအပ်သည့် ပြဿနာများမဖြစ်ပွားစေရေးတို့အတွက် ခရီးသည်ယာဉ်နှင့် ကုန်တင်ယာဉ်များ စုစုပေါင်း မော်တော်ယာဉ်(၅၃)စီးအား ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။


ထို့နောက် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စု လမ်းမကြီး တိုးချဲ့နိုင်ရန် လမ်းတစ်လျှောက်ရေမြောင်းဖောက်လုပ်နေမှု အခြေအနေများနှင့် လမ်းနှင့်လွတ်ကင်းမှုမရှိသော ဈေးဆိုင်တန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)