ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများ ကျောက်ဖြူဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ထောက်ပံ့ငွေများပေးအပ်၊ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့မှ ပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး၊ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများ ကျောက်ဖြူဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ထောက်ပံ့ငွေများပေးအပ်၊ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့မှ ပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး၊





MNP ၊    ဇွန်   ၂၂

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူဘိုးဘွားရိပ်သာရှိ အဘိုး၊အဘွားများအတွက် ထောက်ပံ့ ငွေများပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး၊ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး အဖွဲ့(၆)မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား သွားရောက်ကြည့်ရှု အားပေး သည်။


ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်ရှိ ကျောက်ဖြူဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် စေတနာ့ဝန်ထမ်းအဖွဲ့အစည်း(ကျောက်ဖြူ ဘိုးဘွားရိပ်သာ)ထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက်၍ ဒုတိယအဆင့် (ကျောက်ဖြူဘိုးဘွားရိပ်သာ)ရှိ အဘိုး၊အဘွား ၂၅ ဦးတို့အတွက် နှစ်စဉ်တစ်နှစ်စာ ဆန်ဖိုးနှင့် အဝတ်အစားဖိုး ထောက်ပံ့ငွေကျပ် ၃၆၇၅၀၀ဝိ/ (သုံးဆယ့်ခြောက်သိန်းခုနှစ်သောင်းငါးထောင်ကျပ်)အား ထောက်ပံ့ပေးအပ်ရာ နာယကအဖွဲ့နှင့်အကျိုးတော်ဆောင်အဖွဲ့တက်ရောက်ခဲ့ပြီး နာယကအဖွဲ့ဝင် ၁ ဦးနှင့် အကျိုးတော်ဆောင်အဖွဲ့ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


  ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် တိုးချဲ့ရပ်ကွက်ရှိ ဓမ္မိကာရုံပရဟိတ ဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်ပြီး ၎င်းကျောင်းတိုက်အတွင်း သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့၊အမှတ်(၆)မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှု၍ ဆေးကုသမှုခံယူနေသူများအား ဆီ၊ ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များထောက်ပံ့ပေး အပ်ခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားသည်။


ဆက်လက်၍  ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ/မြို့ဖအဖွဲ့ဝင်များသည် ကျောက်ဖြူမြို့ အစိုးရရပ်ကွက်ရှိ ထောင်နားရေနုတ်မြောင်းအား ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်သာရေးအဖွဲ့မှ ယန္တရားများဖြင့် ရေနုတ်မြောင်းများအတွင်းရှိ စွန့်ပစ်အမှိုက်များ ပြန်လည်ဆယ်ယူ တူးဖော်နေမှုအား သွားရောက်စစ်ဆေးပြီးလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ကျောက်ဖြူမြို့၌ မြို့ပေါ်ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန်နှင့် မိုးရာသီတွင် ရေပြည့်ရေလျှံမှုများ မဖြစ်ပေါ် စေရန်  မြို့ပေါ်ရေနုတ် မြောင်းများအား ၂၀၂၃  ခုနှစ် မေလ ၃၀ ရက်နေ့မှ စတင်တူးဖော်ခဲ့ရာ  ယနေ့တွင် တူးဖော်မှုပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။


တင်ထွန်းဦး/ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)