ပန်းတနော်မြို့၌ အတက်ရောဂါ စီမံချက်အကြောင်း အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတနော်မြို့၌ အတက်ရောဂါ စီမံချက်အကြောင်း အသိပညာပေးဟောပြော


MNP ၊    ဇွန်   ၂၂

အတက်ရောဂါ ကာကွယ်ကုသဖို့ မျှော်မှန်းချက်ထားလို့ ကြိုပမ်းစို့ ခေါင်းစဥ်ဖြင့် အတက်ရောဂါ စီမံချက်အကြောင်း အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဧရာဝတီ တိုင်းဒေသကြီး ပန်းတနော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အေးမင်းသန်းမှ အတက်ရောဂါသည် စိတ်ရောဂါမဟုတ်ပါ၊ ဦးနှောက်နှင့် သက်ဆိုင်သော ရောဂါတစ်မျိုးသာဖြစ်ပါကြောင်း၊ အတက် ရောဂါ ဖြစ်ပွားတတ်သော လက္ခာဏာများနှင့် တက်နေသော လူနာအား အရေးပေါ်ပြုစုကုသခြင်း နည်းလမ်းများ အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် တက်နေသော လူနာအား မှားယွင်းသော အယူအဆများဖြင့် ကုသခြင်းနှင့် တက်နေသော လူနာအား အရေးပေါ်ပြုစုကုသခြင်းနည်းလမ်းများအား Power Point ဖြင့် အသိပညာ ဗဟုသုတရရှိစေရန် ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုးကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)