ဆိပ်ဖြူမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး‌နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ဖြူမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး‌နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်


MNP ၊    ဇွန်   ၂၂

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်သည်။


မူးယစ်ဆေးဝါးများကို တရားမဝင်ရောင်းဝယ်မှုများနှင့် မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုတို့ကြောင့် လူငယ်လူရွယ်များ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအန္တရာယ်မှ ကင်းဝေးစေရန် အပြည်ပြည်ဆိုင်ရာမူယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ အသိပညာပေး Talk Show ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်၊ ဒုတိယဦးစီးမှူး ဒေါ်စီစီမိုးတို့က အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ(၂)ရပ်နှင့် နည်းဗျူဟာ (၃)ရပ်တို့ကိုလည်းကောင်း၊ မူးယစ်ဆေးဝါးအလွဲသုံးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်းတို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


ကိုဇွဲ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)