MNP ၊ ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာ သာသနာ့ရက္ခိတကျောင်းတိုက် ဓမ္မာရုံ၌ မိတ္ထီလာတပ်နယ် အမှတ်(၁) တပ်မတော်ဆေးရုံ(ခုတင်-၅၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့က ရဟန်းသံဃာများ၊ သီလရှင်များနှင့်ဒေသခံပြည်သူများကို ယမန်နေ့ နံနက် ၈ နာရီက အခမဲ့ ဆေးကုသပေးခြင်းနှင့်ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အခမဲ့ ဆေးကုသပေးခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုများကို အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်-၅၀၀)နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဗိုလ်မှူးအောင်စိုးဝင်းဦးစီး၍ ဆရာဝန်များ၊သူနာပြုများက သွေးတိုး၊ ဆီးချို၊ သားဖွားမီးယပ်၊ သွားနှင့်ခံတွင်း၊မျက်စိ၊ကလေးဖျားနာ၊ ခွဲစိတ်မှုဆိုင်ရာများ၊ ဖျားနာရောဂါများဖြစ်သည့် လူနာများကို အခမဲ့ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ခေတ်မီစက်ကိရိယာများဖြင့်ရောဂါ ရှာဖွေခြင်းများ၊ လိုအပ်သော စစ်ဆေးမှုများဆောင်ရွက်ပေးကာ အရေးပေါ်လိုအပ်သော လူနာများအား တပ်မတော်ဆေးရုံသို့တက်ရောက်ကုသမှုခံယူနိုင်ရန်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အခမဲ့ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးရာသို့ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၅၀၀)မှ တပ်မှူးဗိုလ်မှူးချုပ်ထွန်းထွန်းအောင်၊ မိတ္ထီလာတပ်နယ်မှ ဗိုလ်မှူးကြီးချိုဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဒုတိယဗိုလ်မှူးကြီး ဝင်းမင်းထွန်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်၊ သာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျွဲတပ်ဆုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အထောက်အကူပြုအဖွဲ့ဝင်များက ဆေးကုသမှုခံယူမည့် လူနာများအားဆေးကုသမှုအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment