MNP ၊ ဇွန် ၁၇
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အခြေခံပညာကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ကျောင်းသားကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးတို့အတွက် မအီမြို့အခြေစိုက် နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မအီမြို့အခြေစိုက် နယ်မြေခံတပ်ရင်းမှ အရာရှိစစ်သည်များနှင့် တပ်မတော်သားများ၊ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ပုနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သက်ဆိုင်ရာ၀န်ထမ်းများ၊ မအီနယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အ ထ က(မအီ)မှ ဆရာ/ဆရာမများ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော စုစုပေါင်းအင်အား (၁၂၀)ဦးခန့် တို့က မအီမြို့၊ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ သစ်ကိုင်းများ၊ ခြုံနွယ်များ၊ မြက်ပင်ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်း စသည့် ကျောင်းတွင်းကျောင်းပြင်သန့်ရှင်းရေးလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသောအမှိုက်များအား မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်များဖြင့် စနစ်တကျစွန့်ပစ်ခဲ့ကြသည်။
အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ခြင်းမှာ ကျောင်းသားကျောင်းသူများ လေကောင်းလေသန့်ရရှိ၍ ကျန်းမာပျော်ရွှင်စွာစွာ ပညာသင်ကြားနိုင်ရေး၊ ခြင်အန္တရာယ် ကင်းဝေးစေရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းဖြစ်ပြီး နောက်လာမည့်စနေ့နေ့အပတ်စဉ်တို့တွင်လည်း မအီမြို့၏ လူစည်ကားရာနေရာများတွင် အလားတူ စုပေါင်းသန့်ရှင်းဆောင်ရွက်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment