MNP ၊ ဇွန် ၁၇
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လျှပ်စစ်မီးမရရှိသည့်ကျေးရွာ(၉)ရွာနှင့်ဆေးပေးခန်း၊စာကြည့်တိုက်၊ဘုန်းကြီးကျောင်းများသို့အိမ်သုံး ဆိုလာW50(၅၀၀)စုံထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်၉နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မာန်အောင်မြို့နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်ရန် ရောက်ရှိနေသောဗိုလ်မှူးချုပ်ကျော်ကျော်ဦးက လမ်းညွှန် အမှာစကားပြောကြားပြီး တောင်ကုတ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူးဦးဝင်းသိန်းမှ အိမ်သုံးဆိုလာ ထောက်ပံ့လှူဒါန်းရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။
ထို့နောက်ဗိုလ်မှူးချုပ်ကျော်ကျော်ဦး၊လက်ထောက်ညွှန်ကြားရေးမှူးဦးဝင်းသိန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များကအိမ်သုံးဆိုလာW50(၅၀၀)စုံအားကျေးရွာအုပ်စုအလိုက်အသီးသီးထောက်ပံ့ပေးအပ်လှူဒါန်းပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဗိုလ်မှူးချုပ်ကျော်ကျော်ဦး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ပြည်သူများ(၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost





No comments:
Post a Comment