အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ရုံးလုပ်ငန်းလက်စွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ရုံးလုပ်ငန်းလက်စွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ





MNP ၊    ဇွန်   ၁၅

       ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးနှင့်ရုံးဝန်ထမ်းများဗဟုသုတများတိုးပွားလာစေရေးကို ရည်ရွယ်လျက်   လူထုအခြေ ပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နေ့လယ်ပိုင်းက ပြည် ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ဝေသည့် ရုံးလုပ်ငန်လက်စွဲ စာအုပ်မှ ရုံးလုပ်ငန်းများ စစ်ဆေးခြင်း ၊ကွပ်ကဲခြင်း၊စာတွဲခြင်းခေါင်းစဉ်များဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။   

   

      ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးစန်းဝင်းကရုံးလုပ်ငန်း တာဝန်များကိုတာဝန်ယူဆောင်ရွက်နေကြသော ဝန် ထမ်းများသည် ရုံးလုပ်ငန်းများကို လုပ် ထုံးလုပ်နည်း မှန်ကန် စွာဖြင့်စနစ်တကျ ဆောင်ရွက်နိုင်ခြင်း ရှိ-မရှိ ဌာနအကြီး အကဲများ၏ လမ်းညွန်ချက်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း ရှိ-မရှိ စစ်ဆေး၍ စစ်ဆေးရာတွင် အခြေခံရမည့်အချက်များကို လည်းကောင်း၊ရုံးလုပ်ငန်းများကွပ်ကဲခြင်းနှင့်စာတွဲခြင်း နှင့်စာတွဲထိန်းသိမ်းခြင်းများအား ဒုတိ ယဦးစီးမှူး ဒေါ်ခင်မျိုးတင်နှင့် ဝန်ထမ်းများက ဖတ်ကြား၍ဆွေးနွေခဲ့ကြသည်။         


   ထို့နောက် ဝန်ထမ်းများ၏ ဖတ်ကြားဆွေးနွေးချက်များအပေါ်  ဦးစီးအရာရှိ ဦးစန်းဝင်းကလိုအပ်ချက်များနှင့် ရုံးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်း မှန် ကန် စွာဖြင့် စနစ်တကျဆောင်ရွက်နိုင်ကြရန်အတွက်ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


 စိုးမင်းထွန်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)